သီချင်း ဓာတ်ပုံ ဗွီဒီယို ဖိုင်တွေကို iPhoneထဲကို အလွယ်တကူ
ထည့်နည်လေးပါ။ မသိသေးသူများကို အထူးရည်ရွယ်ပါတယ်။ ဒေါင်းလွတ်လုပ်ရတာလည်း
ဖိုင်ဆိုက်က အရမ်းသေးလို့ ကိုယ့်ရဲ့ စက်မှာလည်း ဖိုင်ကြီးကြီးများများ
တိုးမသွားပါဘူး။ အောက်က ပုံတွေကို ကြည့်ရင် သုံးရတာ လွယ်ကူတယ်ဆိုတာ
သိသွားပါလိမ့်မယ်။
၁။ iTools ကို Download လုပ်ပါ။
၂။ ဖုံးကို ကွန်ပျူတာနဲ့ချိတ်ပါ။ ချိတ်ပြီးပြီဆိုရင် ပုံထဲကလို iTools
မျက်နှာပြင်မှာ အခုလိုတွေ့ရပါမယ်။ မိမိဖုံးရဲ့ အသေးစိတ်အချက်လက်ကို
မြင်တွေ့ရမှာဖြစ်ပါတယ်။ ကျနော်ဖုံးကို စင်္ကာပူမှာ ၀ယ်ထားတာဖြစ်လို့ Region
မှာ စင်္ကာပူလို့ ပေါ်နေတာဖြစ်ပါတယ်။ နောက်ပြီး Jailbreak လုပ်ထားလို့ Yes
လို့ ပေါ်တာဖြစ်ပါတယ်။ တကယ်လို့ သင့်ဖုံးက Jailbreak လုပ်မထားရင်တော့
Jailbreak နေရာမှာ No လို့ ပြမှာဖြစ်ပါတယ်။ နောက်ပြီး ဖုံးရဲ့ သက်တမ်း
Warranty Exp ကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ကျနော့်ဖုံးသက်တမ်းက
သိမ့်မကျန်တော့ပါဘူး။
၃။ iPhone ထဲမှာ မိမိကြိုက်နှစ်သက်တဲ့ Ipa App များကို ဖုံးထဲမှာ Install
လုပ်မယ်ဆိုရင်တော့ သင့်ဖုံးနာမည်အောက်က Menu ဘားက Application ကို
နှိပ်ပြီး အပေါ်နား Install နောက်က အနီရောင်စက်ဝိုင်းပြထားတဲ့
အောက်ဆိုက်မြှားလေးကို ကလစ်ပြီး သင် Install လုပ်ချင်တဲ့ Ipa App ကို
ရွေးပြီး သင့်ဖုံးထဲကို Install လုပ်နိုင်ပါတယ်။
၎။ ဒီတခါ ဖုံးထဲကို သီချင်း ထည့်နည်းဖြစ်ပါတယ်။ အောက်ကပုံထဲကလို Menu ဘားက
Media ကို ကလစ်ပြီး အပေါ်နား အနီရောင်ပြထားတဲ့နေရာက အောက်ဆိုက်မြှား Import
ကို ကလစ်ပြီး သီချင်း ရှိတဲ့နေရာကိုရွေးပြီး ထည့်နိုင်ပါတယ်။
သီချင်းထည့်တဲ့အခါ ညာဘက်ဘေးနားက Playslists ကလစ်ပေး Create ဖိုင် လုပ်ပြီး
သင် ကြိုက်တဲ့သီချင်းများကို ဖိုင်တစ်ခုအနေနဲ့ထားရှိနိုင်ပါတယ်။
၅။ ဓာတ်ပုံများလည်း ဒီနည်းအတိုင်းဖြစ်ပါတယ်။
၅။ ဒါကတော့ ဖုံး Desktop ပုံဖြစ်ပါတယ်။ သင့်ဖုံးရဲ့ Desktop ပုံကို
တွေ့မြင်ချင်တယ်ဆိုရင် Menu ဘားကပဲ Desktop ကို ကလစ်ပြီး သင့်ဖုံးရဲ့
Desktop ကို တွေ့မြင်နိုင်ပါတယ်။ ဒီပုံကတော့ နမူနာအနေနဲ့
ပြသခြင်းဖြစ်ပါတယ်။
မူရင်းဆိုဒ်ကတော့ ဒီမှာ ပါခင်ဗျ
No comments:
Post a Comment