Saturday, February 23, 2013

Fix windows Gadget problesm

Desktop Gadgets Error ကိုဖြေရှင်းရန်


ကျွန်တော် ဒီတစ်ခါ အများစု ခေါင်းရှုပ်ကြရတဲ့ Error လေးဖြစ်တဲ့ Desktop Gadgets လေးတွေ Error တက်တဲ့ ပြဿနာလေးပါ။ သိပြီးသားသူတွေကတော့ သည်းခံပေးပါခင်ဗျာ။ ကျွန်တော်နည်းလမ်း လေးတွေ ကိုပြောပေးထားပါတယ်။ ကဲကျွန်တော်တို့ စပြီး ဖြေရှင်းကြည့်ရအောင်ဗျာ။
ပထမဆုံးကျွန်တော်တို့ Gadgets လေးတွေကို Enable / Disable ပေးတဲ့ နည်းကိုသုံးပြီး ဖြေရှင်းကြည့်ပါမယ်။
အောက်မှာ ကျွန်တော် Enable / Disable အတွက် သတ်သတ်စီ ခွဲတင်ပေးထားပါတယ်။ ပထမဆုံး ကျွန်တော် တို့ Disable ပေးလိုက်ပါ။ သူရဲ့ Reg ဖိုင်လေးကို RUN ပေးရုံပါပဲ။ ပြီးရင် Enable ဆိုတဲ့ Reg ဖိုင်လေးကို ပြန် RUN ပေးလိုက်ပါ။ ဒါကတော့ ပထမတစ်နည်းပါ။ 
To Enable Gadgets

To Disable Gadgets
အခုနောက်ထပ်တစ်နည်းကတော့ Restore ပြန်လုပ်တဲ့ နည်းလေးပါပဲ။ ကျွန်တော်အောက်မှာ ပုံလေးတွေ နဲ့ပြပေးထားပါတယ်။ ရှင်းကြည့်လိုက်ပါ။
  
အခု Restore လုပ်တဲ့နည်းနဲ့ မရသေးဘူးဆိုပါတော့ဗျာ။ နောက်ထပ်တစ်နည်းရှိပါသေးတယ်။ အခုက Gadgets ကို Restart ချပေးတဲ့ နည်းပါပဲ။ .Bat ဖိုင်လေးနဲ့တင်ပေးထားပါတယ်။ အဲ့ဒီကောင်လေးကို Administrator နဲ့ RUN ပေးလိုက်ပါ။ ဒီနည်းနဲ့မှမရသေးရင် နောက်ထပ် ကျွန်တော် CMD ထဲမှာရိုက်ထည့် ပြီးဖြေရှင်းပေးရမယ့် နည်းကိုရေးပေးပါ့မယ်။ ကျွန်တော် နှစ်နေရာခွဲတင်ပေးထားပါတယ်။

အခုနောက်ထပ်တစ်နည်းကတော့ Command Prompt ကို Right-click ပေးပြီး Administrator နဲ့ RUN ပေးလိုက်ပါ။ အဲ့ဒီအထဲမှာရိုက်ထည့်ရမယ့်စာသားတွေကတော့အောက်မှာပေးထားပါတယ်။
  • taskkill /im sidebar.exe /f
  • regsvr32 msxml3.dll
  • regsvr32 scrrun.dll
  • regsvr32 jscript.dll
  • regsvr32 atl.dll
  • Regsvr32 "%ProgramFiles%\Windows Sidebar\sbdrop.dll"
  • Regsvr32 "%ProgramFiles%\Windows Sidebar\wlsrvc.dll"
  • reg delete "HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Internet Settings\Zones" /f
  • "%ProgramFiles%\Windows Sidebar\sidebar.exe"
  • မှန်အောင်ရိုက်ထည့်ပေးဖို့တော့လိုပါတယ်။ ပြီးရင်တော့ စက်ကို Restart ချပေးလိုက်ပါ။ ဒီလောက်ဆိုရင် အဆင်ပြေမယ်လို့ထင်ပါတယ်။ အားလုံးပဲ Errors တွေရန်ကနေ ကင်းနိုင်ကြပါစေဗျာ။

    နေမင်းမောင်း ဆိုဒ်မှ ကူးယူမှတ်သားထားပါသည်ခင်ဗျ။

    No comments:

    Post a Comment