Sunday, December 30, 2012

Next Launcher

ဒီမှာ ဒေါင်းပါ။

Screen Lock ကျသွားရင်

ဒီမှာ ဒေါင်းပြီး ကွန်ပြူတာကနေ အင်စတောလုပ်လိုက်ပါ

S2 Root လုပ်နည်း

Galaxy SII (GT-i9100) Root နည်း

ရှာတယ် ဖွေတယ် ဆိုတာ ပညာတစ်ပါးပါပဲ ကျွန်တော် အခု
Galaxy S2 ကို Odin မလိုပဲ Root နည်းလေးကို
အားလုံး နားလည်အောင် ရှင်းပြရင်း ပြပေးပါ့မယ်
အရင်ဆုံး Root ဖို့ CWM သွင်းဖို့ နည်းလမ်းလေး ပြောပြပါမယ်ခင်ဗျာ
အောက်က Link လေးတွေမှာ လိုအပ်တာလေးတွေ အရင်ဒေါင်းလိုက်ပါနော်
CWM-SuperSU-v0.92.zip

Password : thitsankhant
အပေါ်က file လေး နှစ်ခုကို Download ဆွဲပြီးပြီ ဆိုရင်တော့ SD Card အလွတ်ထဲ ထည့်လိုက်ပါ
ပြီးရင် ဖုန်းကို Power ပိတ်လိုက်ပါ။
Vol up +Home + Power စတဲ့ Key သုံးခု တစ်ပြိုင်တည်း နှိပ်ထားပါ
Recovery တက်လာမှ လွှတ်လိုက်ပါ။
အထပ်ပါ ပုံအတိုင်း Recover Mode ၀င်သွားပြီဆိုရင်တော့
apply sdcard update.zip
ဆိုတဲ့ စာကြောင်းလေးကို ၀င်လိုက်ပါ
SD Card ထဲ ရောက်ပြီဆိုရင်ဖြင့် cwm-touch-6.0.1.1-i9100.zip ကိုရွေးပါ
Install လုပ်ပေးလိုက်ပါ။
ဒါဆိုရင် ဒီလိုပုံလေး ထပ်ပေါ်လာပါမယ်...
Odin လုံးဝ လုံးဝ မလိုပဲ CWM ၀င်သွားတာပါခင်ဗျာ...
ဒါဆို Backup လုပ်တာ တွေ ဘာတွေ လုပ်ထားလို့ရပါပြီ။
Root မယ်ဆိုရင်တော့
install zip form sd card ကို သွားလိုက်ပါ
အဲ့ဒီမှာ CWM-SuperSU-v0.92.zip ဆိုတာလေးကို ရွေးပါ
Install လုပ်ပေးပါ။
ပြီးရင် Back ပြန်ထွက်ပြီးတော့ Reboot System Now ကို နှိပ်လိုက်ပါ။
သင်တို့ အလွန် ကြည့်ရဆိုးလှတဲ့ အ၀ါရောင် ကြိဂံ လေးလဲ ပေါ်မလာပဲ
အထဲမှာ Super Su လေး ပေါ်လာပါမယ်...
ကဲ အဲ့ခါကျ ကြိုက်တာလိုချင်တာ လုပ်ကြပေတော့ဗျာ...
သစ်ဆန်းခန့်
thitsankhant@gmail.com

Saturday, December 29, 2012

G talk အကောင့် ဘာကြောင့်ပျောက်

တကယ်တမ်းတော့ ကျွန်တော်တို့အကောင့်ကို ဘယ်သူမှမခိုးပါဘူး၊ ကျွန်တော်တို့ကိုယ်တိုင်ပဲ လုပ်နေကြတာပါ။ တစ်ခါတစ်ခါ မသိလိုက်ပဲပိတ်ဖို့မေ့ကျန်ခဲ့တတ်ကြပါတယ်။
ပထမအချက်က-
Gmail ပိတ်ဖို့မေ့ခဲ့တာ(သို့မဟုတ်) Remember password ပေးထားတာပဲဖြစ်ဖြစ် Browser ထဲမှ ကျန်ခဲ့တက်ပါတယ်။ Gtalk ပိတ်ဖို့မေ့သွားရင်တော့ ယူတဲ့သူကလွယ်လွယ်နဲ့တော့ ယူလို့မရပါဘူး။
Password Viewer Software တွေရယ် password-recovery-for-google တွေကိုအသုံးပြုရပါတယ်။
ဒုတိယအချက်က-
Key Logger တွေကိုအသုံးပြုပြီး Password ကို ခိုးယူခဲ့ကြပါတယ်။ တစ်ချို့ အင်တာနက်ဆိုင်တွေမှာတော့ Key logger ကို စက်ထဲ ထည့်သွင်းထားပြီး User တွေရဲ့ Password တွေကို ယူတတ်ကြပါတယ်။
အခုနောက်ပိုင်းခေတ်စားလာတာက Phishing နည်းပညာလို့ခေါ်ပါတယ်။
အဲ့ဒါကတော့ Gmail Home page အတုတွေ ရယ်၊ Gmail inbox ထဲဝင်လာတဲ့ Mail မှာ Recover လုပ်မလား ဆိုတဲ့ Fade mailကို သွားဖွင့်ပီးတော့ User-name နဲ့ Password ကိုထည့်ပေးလိုက်မိရင် မိမိရဲ့ အကောင့်ကို တစ်ခြားသူက သိရှိသွားနိုင်တဲ့အကြောင်းအရာတွေပါ။
ကျနော့်အကောင့်ဘာကြောင့် ပျောက်ရတာလဲဆိုတော့- ကျနော်က blogspot ရေးပါတယ် ပြိးတော့ Youtube က နည်းပညာနဲ့ပတ်သတ်တဲ့သတင်းတွေကိုဖတ်ပါတယ်။ တစ်ချို့ဆိုက်တွေကို မြန်မာပြည်ကပိတ်ထားတော့ US Proxy ကို ၀ယ်ပြီး ပြောင်းသုံးပါတယ်။ ဒါမှ ကျော်ကြည့်လို့ရမယ် အသုံးချလို့ရမှာကို……….
ပုံမှန် လုပ်တဲ့အလုပ်တွေကို မြန်မာ Proxy နဲ့သုံးပါတယ် ပြီးတော့ ကျော်ပြီးသုံးရတော့မယ်ဆိုရင် US Proxy ကို သုံးမိလိုက်တယ် အဲ့ဒီတော့ ခုနကအသုံးပြုတုန်းက မြန်မာ Ip Address နဲ့၊ အခုချက်ခြင်းပဲ US IP ကို ပြောင်းသွားတာဆိုတော့ဆိုတော့ Google Server ကမယုံတင်ကာဖြစ်ပြီး ဖြတ်လိုက်တယ်လို့ ထင်ပါတယ်။ အဲ့ဒီတော့အကောင့်လေးက ပျက်သွားရော။ အကယ်၍ Proxy နှစ်ခု အပြောင်းအလဲလုပ်မယ်ဆိုရင် အနည်းဆုံး (၂)နာရီခြားပါ ။ By Pass Program တွေဖြစ်တဲ့ Freedom တို့လိုမျိုးသုံးလည်းအတူတူပါပဲ ဆင်ခြင်နိုင်အောင် လို့ပါ။
Disable ဖြစ်သွားခဲ့ရင်တော့ 24 နာရီစောင့်ကြည့်လိုက်ပါ။ ပြီးမှ ပြန်ဖွင့်ကြည့်ပါ။ ဘာကြောင့်လည်းဆိုတော့ တစ်ချို့အကောင့်တွေ ပြန်မရခဲ့ပါဘူး တစ်ချို့အကောင့်တွေတော့ လွယ်လွယ်နဲ့ပြန်ရခဲ့ပါတယ် ။
Gmail မှာ လုံခြုံရေးစနစ် အဓိက (၃)ခုရှိပါတယ်။ Gmail Password ပျောက်သွားလို့ Gmail အကောင့်တစ်ခု ဆုံးရှုံးသွားပီလို့မထင်လိုက်ပါနဲ့ ပြန်ယူလို့ရပါတယ် ပြန်ယူနည်း (၃)နည်း ရှိပါတယ်
(၁) Gmail Recover လုပ်ထားပါ ဘာကြောင့်လည်းဆိုတော့ Password ပြန်ယူရာမှာ Recover မလုပ်ထားပါက ပြန်ယူလို့ရမယ်မဟုတ်ပါ။ Gmail Recover လုပ်မယ်ဆိုရင် အကောင့်နှစ်ခုပိုင်ဆိုင်ထားရမှာဖြစ်ပြီး အကောင့်အချင်းချင်း Recover ပေးထားလို့ ရပါတယ်။
(၂) Answer your security question
Answer your security question ကတော့ Password ကို အရင်ပေးထားတဲ့ Security Question အသစ် ကို ပြောင်းတာဖြစ်ပါတယ်။
(၃) I no longer have access to these
အပေါ်ကပေးထားတဲ့နည်းအတိုင်းမရပါက နောက်ဆုံးလုပ်ဆောင်ရမည့်အပိုင်းဖြစ်ပါသည်။(အသေးစိတ်လွန်းပါသည်)
မှတ်ချက်။ ဖြစ်နိုင်ရင်တော့အဆင့်တစ်ဆင့်လုပ်ပြီးတိုင်း (၂၄)နာရီ ခြားပေးပါ။မရတဲ့အခါမှ နောက်တစ်ဆင့်လုပ်ပါ.
ရှင်းလင်းချက် (၁) Gmail Recover လုပ်ထားပါ
မိမိ၏ ဂျီမေလ်း password မေ့သွားခဲ့လျှင် password recovery options ကိုအသုံးပြုပြီး password reset လုပ်နိုင်ပါ သည်။ Password reset လုပ်ရာတွင် Email Optoions / Phone Option နှင့် Security Option များစသည်ထဲမှ တစ်ခုခု ကိုအသုံးပြုပါသည်။ အသုံးအများဆုံး password recovery option ကတော့ Email option ကို ပဲ အသုံးပြုပါသည်။ (ရှင်းလင်းချက်ကိုကြည့်ပါ)
(Recovering Your Password လုပ်ရန်မေလ်းအား whitecloud12909@gmail.com အဖြစ် နမူနာထားပါမည်။)
(1) မိမိ Password recovery လုပ်ချင်သောဂျီမေလ်း ကို Sign in လုပ်ပါ။
(ဥပမာ nyaal...@gmail.com)
(2) Gmail setting / Accounts and Imports / Change account setting မှ Change password recovery options ကို အဆင့်ဆင့် Click ပါ။ အောက်ပါပုံအတိုင်းပေါ်လာပါမည်။

ဝိုင်းပြထားသော Add or remove email address နေရာကို Click နှိပ်၍ Add an additional email address နေရာတွင်
password recovery လုပ်ချင်သော ဂျီမေလ်းအကောင့်ကို ရိုက်ထည့်ပါ။ ပြီးလျှင် Save ကိုနှိပ်ခြင်းဖြင့် Password Recovery လုပ်ဆောင်ပြီးစီးပြီဖြစ်ပါသည်။ ယခုလို လုပ်ဆောင်ထားခြင်းဖြင့် အကယ်၍ Password မေ့ခဲ့သည်ရှိသော အခက်အခဲတစ်စုံတစ်ရာမရှိပဲ မိမိ ဂျီမေလ်း၏ password ကိုအလွယ်တကူပြန်ယူလို့ရပါသည်။
မိမိရဲ့ Password (လျှို့ဝှက်)နံပတ် မမှတ်မိတော့လျှင် ပြန်လည်လုပ်ဆောင်ရန်
1. အောက်ပါပုံအတိုင်း Gmail ကို Open လိုက်ပါ.။ User name မှာ Password မေ့နေသောအကောင့် နာမည်ကိုရိုက်ပါ။
(Password မေ့နေသော မေလ်းအား nyaalinkarr@gmail.com အဖြစ် နမူနာထားပါမည်။)
ဝိုင်းပြထားသောနေရာမှာ Can’t access your account? ကို Click ပါ။
2. အောက်တွင်ဖော်ပြထားသောပုံအတိုင်း Password Recovery လုပ်ထားစဉ်က ဂျီမေလ်းလိပ်စာကို ကိုရိုက်ပြီး Summit ကို Click ပါ။
3. အောက်ကပုံအတိုင်းဖော်ပြပေးထားသော စာတွေကို အကြီးဆို အကြီး၊ အသေးဆို အသေး မှန်ကန်စွာရိုက်ရပါမည်။ပြီးလျှင်တော့ Continue ကို Click ပါ။



4. အောက်မှာတွေ့ရသည့်အတိုင်း Email to ကို On ပေးပါ။ ပြီးလျှင် Continue ကို ဆက်လက် Click ပေးပါ။
Email to ***...@g*****.com ဆိုတာက မိမိရဲ့ password အသစ်ကိုပြောင်းလို့ရမယ့်လင့်ကို Recover ပေးထားတဲ့မေးထဲသို့ပို့ပေးမှာဖြစ်ပါသည်။ အဲ့ဒါကို ကလစ်ပေးပီးတော့ Continue ကိုနှိပ်လိုက်တာနဲ့ Recover mail ထဲကိုရောက်သွားပါလိမ့်မယ်။



5. ထိုအခါ Password recovery လုပ်ထားသော ဂျီမေလ်းအကောင့်ထဲသို့ မေလ်းတစ်စောင့်ရောက်ရှိလာပါလိမ့်မည်။
6. ရောက်ရှိလာသော မေလ်းအားဖွင့်ရန်အတွက် Recovery လုပ်ထားသော ဂျီမေလ်းကို Sign in လုပ်ပါ။
မေလ်းကိုဖွင့်၍ ပုံတွင်ပြထားသည့် Link ကိုနှိပ်ပါ။
7. Link ကိုနှိပ်လျှင် အောက်တွင်ပြထားသည့်ပုံအတိုင်း New Password နှင့် Re-enter password တွင် Password အသစ်ကိုရိုက်ထည့်ပြီးနောက် Reset Password ကို နှိပ်ပေးပါ။
ဒါဆိုရင် Password မေ့သွားသောအကောင့် ကို ယခုယူထားသော Password အသစ်ဖြင့် Sign in လုပ်၍ ပြန်လည်အသုံးပြုနိုင်ပါပြီ။
xxxxxxxxxxxxxxxxxxxxxxxxx
ရှင်းလင်းချက် (၂) I no longer have access to these
I no longer have access to these ဆိုတာလေးကို ကလစ်လေးပေးပီးတော့ Conitinue ကိုနှိပ်လိုက်ပါ ။ အောက်မှာ ပြထားတဲ့ Box လေးတစ်ခုကျလာပါလိမ့်မည်
ပထမဆုံးက မိမိမှာအကောင့်အပိုတစ်ခု(သို့) မိမိသူငယ်ချင်းရဲ့ဂျီမေးလိပ်စာတစ်ခုခုကို ခနငှားပီးတော့ Contact informationand problem details ဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိတဲ့-
An email adress we can use to contact you* ဆိုတဲ့အကွက်လေးထဲမှာ ထည့်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ ဂျီမေးလိပ်စာအတိုင်း Password ပြောင်းမယ့် လင့်ကိုပို့ပေးမှာဖြစ်ပါသည်။ ပြီးရင် အောက်နားလေးက I am unable to reset my password ဆိုတာလေးကို Click ပေးပါ။
Product information အောက်နားက Do you use Gmail with this account?* ဆိုတဲ့နေရာမှာ Yes ကိုရွှေးပေးလိုက်ပါ ရွေးပေးလိုက်ရင် အောက်နားမှာ အကွက်လေးတွေထပ်ထွက်လာပါလိမ့်မယ်။ အကွက်လေးထဲမှာ မိမိပျောက်သွားတဲ့
ဂျီမေးလိပ်စာကိုထည့်လိုက်ပါ ။ပြီးလျှင် အောက်နားမှာ Do you have a verification code? ဆိုတာလေးရှိပါတယ်။ အဲ့ဒါက အကောင့်လုပ်ကတည်းက recover mail ပေးပြီးတော့ လုပ်ထားမှရပါတယ် အဲ့ဒီကုဒ်လေးကို သိရင်တော့ ထည့်ပေးလိုက်ပါ။ မသိရင်လည်း ထားခဲ့လို့ရပါတယ်။ ဆက်ပြီး Email adresses of up to five frequently emailed contacts: ဆိုတဲ့နေရာမှာ မိမိအကောင့် လုပ်တုန်းက အရင်ဆုံး Add တဲ့သူ (သို့)အရင်ဆုံး မေးလ်ပို့ တဲ့သူတစ်ယောက် ရဲ့ အကောင့်ကို ထည့်ပေးရမှာဖြစ်ပါတယ်။ (ဒါကလည်းမလွယ်လှပါဘူး. မှတ်မိချင်မှမှတ်မိပါလိမ့်မယ်)
Other account information
Account creation date* အကောင့် လုပ်ခဲ့တဲ့ လနဲ့နှစ်ကို ထည့်ပေးရပါမယ်။ Last successful login date ဆိုတာက နောက်ဆုံး ဖွင့်ခဲ့တဲ့နေ့ကို ထည့်ပေးရပါမယ်။ အတိအကျထည့်ပေးရပါမယ်။ မသိရင်တော့ထားခဲ့လိုက်ပါ။ ပြီးရင် password အဟောင်းကို last password you remember* အဲ့အကွက်လေးထဲမှာထည့်ပေးလိုက်ပါSubmit ကို နှိပ်လိုက်ပါ။ နည်းနည်းလေးကြာရင်တော့ ကျွန်တော် ထိပ်ဆုံးမှာ(An email adress we can use to contact you* ) ထည့်ထားတဲ့ဂျီမေးလ်လိပ်စာထဲကို Password အသစ်ပြောင်းမယ် လင့်လေးရောက်လာပါလိမ့်မယ် အဲ့ဒီမှာပြောင်းလိုက်ရင် အဆင်ပြေသွားပါပြီ။
ဒီနည်းလေးက ကိုယ့်အကောင့် အခိုးခံရသူတွေအတွက် လုပ်ရတာအဆင်ပြေပါတယ် ဘာလို့လည်းဆိုတော့ ကိုယ်ပဲသိနိုင်တဲ့အချက်အလက်တွေပဲဖြစ်လို့ပါ။ဒါပေမဲ့လည်း ကျွန်တော်တို့ ကိုယ်တိုင်မှတ်သားထားမိဖို့လိုပါလိမ့်မယ်။
စေတနာများစွာဖြင့်
အလင်္ကာည

http://alinkarnya.blogspot.com
--

Gmail လုပ်ခဲ့တဲ့နေ့ကို ဘယ်လိုရှာမလဲ

First, head to Gmail Settings.
Then click on the Forwarding and POP/IMAP tab.
အဲဒီမှာ ပုံမှာပါတဲ့ နေရာလေးမှာ Date ကိုကြည့်လိုက်ပါ

Gmail Account Create Date

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း


လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။

ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်

ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။

ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။

သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။

ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။

ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး..အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။

အားလုံး အဆင်ပြေကြပါစေဗျား !!!

Credit for this post to http://www.facebook.com/ko.seinthan

How to Create a Hotmail Account

ဒီကို သွားလိုက်ပါ။

Zip=72940

Friday, December 28, 2012

Buying Mobile Guide

(၁) ဖုန်းလိုင်းကိုအရင်ရွေးချယ်ပါ။
ပြည်တွင်းမှာဖုန်းဝယ်တော့မယ်ဆိုရင် အရင်ဆုံးစဉ်းစားရမှာက ဖုန်းလိုင်းပါပဲ။ CDMA ၀ယ်မှာလား၊ GSM ၀ယ်မှာလား ဆိုတာကတော့ မိမိအသုံးပြုမယ့်နေရာဒေသ၊ အသုံးပြုလိုတဲ့ပုံစံကို စဉ်းစားရပါမယ်။ GSM နဲ့ CDMA 450 က နယ်ဒေသမှာအသုံးပြုဖို့နဲ့ ခရီးခဏခဏ သွားရတတ်တဲ့သူတွေ အသုံးပြုသင့်ပါတယ်။ CDMA 800 ကိုတော့ မြို့ကြီးပြကြီးမှာ အခြေချနေထိုင်မှုများတဲ့သူတွေနဲ့ သင့်တော်ပါတယ်။
(၂)ဟန်းဆက်အမျိုးအစားကိုစဉ်းစားပါ။
ဟန်းဆက်ဟာ ဖုန်းအသုံးပြု သူတစ်ယောက်အဖို့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ GSM အတွက် ဟန်းဆက်မရှားပေမယ့် CDMA အတွက်ကတော့ အမှတ်တံဆိပ်နည်းနေပါသေးတယ်။ အထူးသဖြင့်CDMA 450 MHz ဆိုရင် ဟန်းဆက်ရွေးချယ်မှုအပိုင်းမှာ ပိုမိုခက်ခဲနေပါတယ်။အခုတလောတော့ CDMA 450 MHz အမျိုးအစားတွေဝင်လာပါပြီ။
(၃) Phone OS ကိုလည်းရွေးပါ။
မိုဘိုင်းဟန်းဆက်တွေမှာ သက်ဆိုင်ရာ Device တွေအလိုက် OS တွေရှိကြပါတယ်။ လက်ရှိအချိန်မှာတော့ Apple ရဲ့ IOSနဲ့ Googleရဲ့ Android OS တွေကတော့အသုံးပြုသူ များတဲ့OS တွေပဲဖြစ်ပါတယ်။ Nokiaရဲ့ Java OS ကလည်းနာမည်ကြီးပါတယ်။
(၄) အသုံးပြုမည့် ပုံစံကိုစဉ်းစားပါ။
ဖုန်းတစ်လုံးရွေးချယ် ၀ယ်ယူမှုအပိုင်းမှာတော့ အသုံးပြုလိုတဲ့ ပုံစံကအရေးပါပါတယ်။ ဖုန်းကို အများသုံးဖုန်းတစ်လုံးအဖြစ် အသုံးပြုမယ်ဆိုရင်တော့ လိုင်းဆွဲအားကောင်းပြိး အကြမ်းခံနိုင်မယ့် အထိုင်ဖုန်းပုံစံမျိုးကိုရွေးချယ်သင့်ပါတယ်။ တန်ဖိုးနည်းဟန်းဆက်တွေလည်း အများအပြား ပြည်တွင်းဈေးကွက်အတွင်းမှာရရှိနိုင်တဲ့အတွက် ယခုအချက်ဟာ အသုံးပြုသူများ စိုးရိမ်စရာအချက်တစ်ချက်တော့ မဟုတ်ပါဘူး။
(၅) နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များပြားသော ဟန်းဆက်များကို နယ်ဒေသများတွင်မသုံးသင့်ပါ။
iPhone ဟာ နည်းပညာ မြင့်မားတဲ့ ထုတ်ကုန်တစ်ခုပါ။ ဒါပေမယ့် နည်းပညာဖွံ့ဖြိုးမှုအားနည်းတဲ့ နေရာဒေသတစ်ခုမှာ သွားေ၇ာက်အသုံးပြုမယ်ဆိုရင်တော့အသုံးပြုသူအတွက် အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဟန်းဆက်အပိုပစ္စည်းရှာရခက်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ ဖြေရှင်းနိုင်ရန်အတွက် ပညာရှင်ရှားပါးခြင်းတို့ကို ကြုံတွေ့လာနိုင်ပါတယ်။
(၆) အရည်အသွေးမြင့်၍ စိတ်ချရသော အမှတ်တံဆိပ်ကို သုံးစွဲပါ။
ဈေးကွက်အတွင်းမှာ တန်ဖိုးမျိုးစုံ၊ တံဆိပ်မျိုးစုံနဲ့ GSM,CDMA ဟန်းဆက်များဝင်ရောက်လာပါတယ်။ယုံကြမလားတော့မသိဘူး..ကမ္ဘာကျော် iPhone 4S ကို ၈သောင်းနဲ့ရောင်းတယ်တဲ့..။iPhone 4S နဲ့တစ်ပုံစံတည်းပါပဲ.System ကတော့ကွာတာပေါ့နော်.။ အဲ့ဒါဟာ Made in China ပါ.။ရေရည်အသုံးပြုဖို့ စဉ်းစားမယ်ဆိုရင် အရည်အသွေးမြင့်တဲ့ အမှတ်တံဆိပ်များကိုသာ ၀ယ်ယူသုံးစွဲသင့်ပါတယ်။ ဒါမှသာ အသုံးပြုသူတစ်ယောက်အနေနဲ့ စိတ်ညစ်စရာအကြောင်းအရာတွေကို ဆက်လက် မကြုံတွေ့ရမှာဖြစ်ပါတယ် .. ။
(၇)စိတ်ချယုံကြည်ရတဲ့ ဟန်းဆက်အရောင်းဆိုင်တွေမှာ ၀ယ်ယူပါ။
နာမည်ကြီးအမှတ်တံဆိပ် ဟန်းဆက်များဟာ ပုံစံအမျိုးမျိုးနဲ့ဝင်ရောက်လာလို့စစ်မှန်တဲ့ ကုန်ပစ္စည်းတွေရှိသလို၊ ဆင်တူရိုးမှား ကုန်ပစ္စည်းတွေကိုလည်း ပြည်တွင်းဈေးကွက်အတွင်းမှာ ကြုံတွေ့နိုင်ပါတယ်။ကျွန်တော်ပြောခဲ့သလိုပါဘဲ..။ ဒါကြောင့်မို့ဟန်းဆက်တစ်လုံးဝယ်ယူတော့မယ်ဆိုရင် စိတ်ချပြီး ယုံကြည်ရမယ့်ဆိုင်များမှာ ၀ယ်သူခြင်းဟာ အသုံးပြုသူများအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
(၈) ဖုန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာများကို လေ့လာထားပါ။
ဖုန်းနဲ့ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေ များများစားစားမရှိပါဘူး.။ ဖုန်းနံပါတ်မှတ်သားခြင်း ၊ SMS ပို့ခြင်းအစရှိတာတွေကိုလေ့လာထားသင့်ပါတယ်...။ Sim Lock ချမိတဲ့ပြဿနာမျိုးကို မဖြစ်ပေါ်စေဖို့အတွက် ဖုန်းမ၀ယ်ခင် ဖုန်းအကြောင်းကြိုတင်လေ့လာထားခြင်းဟာစိတ်အချရဆုံးဖြစ်ပါလိမ့်မယ်.။ ကိုယ်စီးမယ့်မြင်းအထီးလား..အမလား..ခွဲခြားတာနဲ့အတူတူလောက်ပါပဲ...။
(၉) ဖုန်းတစ်လုံးရဲ့ လိုင်းဆွဲအားဟာ ဟန်းဆက်အပေါ်တွင် သက်ရောက်မှုရှိပါသည်ကို သတိပြုပါ။
ဖုန်းသုံးစွဲသူအများစုဟာ လိုင်းဆွဲအား ကောင်းမွန်တဲ့ ဖုန်းလိုင်းများးကို အသုံးပြုချင်ကြပါတယ်။ ဟန်းဆက်ရဲ့လိုင်းဆွဲအားဟာလည်း အဓိက အခန်းမှ ပါဝင်ပါတယ်။ အထူးသဖြင့် CDMA အသုံးပြုသူများအနေနဲ့ လိုင်းဆွဲအားကောင်းမွန်တဲ့ ဟန်းဆက်မျိုးကို ရွေးချယ်သင့်ပါတယ်လို့ ကျွှန်တော် ထင်ပါတယ်ဗျာ ..။

ZEALOT_myatko (facebook IT Group)

USBGuard နှင့်ကာကွယ်ရအောင်

Computer အသုံးပြုသူတွေအတွက် Virus ကုးစက်ဖို့ အများဆုံး

လမ်းကြောင်းက USB Stick တွေကြောင့် ဖြစ်တာများပါတယ်......

ဒါကို ကာကွယ်ဖို့နည်းလမ်းတွေက အများကြီး ရှိပြီးသားပါ....

အခု ၁ နည်း ပြောပြပါ့မယ် ...

USB Guard ဆိုတဲ့ကောင်လေးက U$ 55 Dollar တန်ပါတယ် ...

ဝယ်မှ မ၀ယ်နိုင်တာ အကြံအဖန်လုပ်ကြစို့ဗျာ...

ပထမဦးဆုံး...USBGuard Trial ကို ဒီမှာ Download လုပ်လိုက်ပါ

http://www.zbshareware.com/download.html

ရလာတဲ့ Trial Version ကို Full Version ဖြစ်ဖို့အတွက် အောက်က Image

ထဲက သင့်တော်ရာ User Name နဲ့ Serial Number ကိုဖြည့်ပေးလိုက်ပါ

Ok သွားပါလိမ့်မယ် ..

Post By U Pyae Phyo
facebook IT group မှကူးယူမှတ်သားထားပါသည်

Facebook ကစာတွေ Gmail သို့မရောက်အောင်

Account --> account settings --> notifications 
Than select group of notifications (facebook, photos..) 
and uncheck every square that is checked!

How to Hide Your E Mail on Your Facebook Profile

1.Visit http://www.facebook.com and log in to your account.
 
2.Go to your profile page. You can do this by typing in the URL of your page or 
by clicking the links that say your name in either the upper right or upper left
 corners of the home page.
 

3.Click the "Edit Profile" button in the upper-right corner, underneath your name.
 

 

4.Navigate to the link bar along the left side of the edit page and
 click on the "Contact Information" tab. 

 

5.At the top of the Contact Information editing screen, there is a list 
of email addresses associated with your account. To select privacy setting for one of them,
 click on the button to the right of the email addresses that looks like a silhouette of people.

 

 From this drop-down menu, you may select the people who are allowed
 to see your email address. To hide it from everyone, select "Only me."

 

A dialog box will appear to confirm your change. Make sure that "Only me" is selected if you want to fully hide your email address.
 

 
 


 

 

Wednesday, December 26, 2012

Browser တခုထဲကနေ Facebook အကောင့် ၂ခု ၃ခု , Gmail အကောင့် ၂ခု ၃ခု ကို တပြိုင်ထဲ အသုံးပြုနည်း

ဒီနည်းလေးက လွယ်ပါတယ်....ကျွန်တော်လည်းအစကမသိပါဘူး......

တစ်ပြိုင်ထဲ facebook အကောင့်နှစ်ခုဖွင့်ထားချင်သူတွေအတွက်

အဆင်ပြေပါတယ်

Firefox Browser အတွက်ကိုတော့ Extension လေးတစ်ခုကို Browser

မှာ Add ပေးရမှာပါ....ဒီလင့်လေးကိုအရင်သွားလိုက်ပါခင်ဗျာ >>>

http://br.mozdev.org/multifox/

Install Multifox ကို နှိပ်ပါ လမ်းညွှန်တဲ့အတိုင်း Install ပေးလိုက်ပါခင်ဗျာ

ပြီးရင် Firefox Browser ကို Restart ချပေးလိုက်ပါ

ကီးဘုတ်က Ctrl + Alt + M ကိုနှိပ်ပြီး Facebook နှစ်ခု သုံးခု Gmail နှစ်ခု

သုံးခုကို Browser တစ်ခုထဲမှာ Login ဝင်နိုင်ပါပြီခင်ဗျာ....

Chrome Browser မှာတော့ မည်သည့် Extension မှ

ထည့်ပေးစရာမလိုပါဘူး ကီးဘုတ်က Ctrl + Shift + N

ကိုနှိပ်လိုက်ပြီး Log in ၀င်လို့ရပါပြီ......

______________________________________________
light@LHM( IT group facebook မှ ကူးယူမှတ်သားထားပါသည်

Facebook အကောင့်ဖျက်နည်း


https://www.facebook.com/help/contact.php?show_form=delete_account

ပြီးရင်ကိုဖျက်ချင်တဲ့ Facebook အကောင့်နဲ့ Log in လုပ်ပါ...........

ပေါ်လာတဲ့ထဲ က Submit ကိုကလစ်ပါ.............

.နောက်ထပ်ပေါ်လာထဲ မှာ ကို့ရဲ့ Facebook password နဲ့ စာလိမ်လေးကိုဖြည့် ပြီး Okay ကိုသာ ကလစ်လိုက်ပါ က သင်ရဲ့ Facebook အကောင့်လုံးဝ ပျက်သွားမှာပါ...။


(မှတ်ချက်) မိမိဖျက်လိုက်သောလည် အကောင့်မှာ ချက်ချင်မပျက်ပါ 45ရက်ကြာမှ အပြီးတိုင်းပျက်ပါလိမ်မယ် အဲဒါတော့ ဖေ့ဘုတ်ရဲ့ အားနည်းချက်တစ်ခုပေါ့)
Facebook အကောင့်ဖျက်နည်း



https://www.facebook.com/help/contact.php?show_form=delete_account

ပြီးရင်ကိုဖျက်ချင်တဲ့ Facebook အကောင့်နဲ့ Log in လုပ်ပါ...........

ပေါ်လာတဲ့ထဲ က Submit ကိုကလစ်ပါ.............

.နောက်ထပ်ပေါ်လာထဲ မှာ ကို့ရဲ့ Facebook password နဲ့ စာလိမ်လေးကိုဖြည့် ပြီး Okay ကိုသာ ကလစ်လိုက်ပါ က သင်ရဲ့ Facebook အကောင့်လုံးဝ ပျက်သွားမှာပါ...။


(မှတ်ချက်) မိမိဖျက်လိုက်သောလည် အကောင့်မှာ ချက်ချင်မပျက်ပါ 45ရက်ကြာမှ အပြီးတိုင်းပျက်ပါလိမ်မယ် အဲဒါတော့ ဖေ့ဘုတ်ရဲ့ အားနည်းချက်တစ်ခုပေါ့)
facebook အသုံးပြုနည်းမှ ကူးယူထားပါသည်

Tuesday, December 25, 2012

Android Device တစ်ခုကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်နည်းများ

၁။ အသုံးမပြုတဲ့ Application Process တွေကို Stop ပြုလုပ်ပါ။
Android ရဲ့ သဘောတရားအရ Application နဲ့ Game တို့ကို အသုံးပြုပြီးတဲ့ အချိန်မှာ Stop ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ Exit ပြုလုပ်ပြီးချိန်မှာတောင် Background Process အနေနဲ့ လုပ်ဆောင်မှုတွေ ရှိနေနိုင်တဲ့ အတွက် Task Killer လိုမျိုး Application အသုံးပြုပြီး Process Kill ပြုလုပ်သင့်ပါတယ်။

၂။ Call Log များကို ရှင်းလင်းပေးပါ။
Android Phone အနိမ့်ပိုင်းး Handset တွေမှာ ကြုံတွေ့တတ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ Call Log တွေ များလာတာနဲ့အမျှ ဖုန်းခေါ်ဆိုမှုတွေမှာ အမှားအယွင်း များလာတတ်ပြီး၊ ပိုမိုလေးလံတဲ့ လုပ်ဆောင်ချက်တွေကို တွေ့ကြုံရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အနည်းဆုံး တစ်နေ့တစ်ကြိမ် Call Log များကို Clear ပြုလုပ်ပေးသင့်ပါတယ်။

၃။ အသုံးမပြုတဲ့ Connectivity များကို ပိတ်ထားပါ။
Android Device အသုံးပြုသူ အများစု အနေနဲ့က Wifi နဲ့ Blue tooth တို့ကို အချိန်တော်တော်များများမှာ ဖွင့်လှစ်ထားတတ်တဲ့ အလေ့အထ ရှိပါတယ်။ Wifi ဖွင့်လှစ်ထားခြင်းအတွက် Notification Bar မှာ Alert Icon တွေနဲ့ ရှုပ်ထွေးနေမှာ ဖြစ်သလို၊ အဆိုပါ Process တွေ အတွက်လည်း Battery သုံးစွဲမှု ပမာဏမြင့်တက်စေပါတယ်။

၎။ Application အများအပြား ထည့်သွင်းခြင်းမှ ရှောင်ကြဉ်ပါ။
တချို့သော Android Device User တွေဟာ မိမိရဲ့ Device အတွင်းမှာ Application နဲ့ Game တွေကို များစွာ ထည့်သွင်းထားလေ့ ရှိပါတယ်။ သိုလှောင်မှု ပမာဏမြင့်မားတဲ့ Device တွေအ တွက် ပြဿာနာ မရှိပေမယ့် သိုလှောင်နိုင်မှု ပမာဏ နည်းပါးနေမယ် ဆိုရင်တော့ ဒါဟာ ကြီးမားတဲ့ ပြဿာ နာရပ် တစ်ခုပဲ ဖြစ်ပါတယ်။

၅။ Process အများအပြားကို တစ်ပြိုင်နက် အသုံးပြုခြင်း ဆင်ခြင်ပါ။
Android ရဲ့ အားသာချက်တစ်ခုဖြစ်တဲ့ တစ်ချိန်ထဲမှာ Process အများအပြား အသုံးပြုမှုကို ဆင်ခြင်သင့်ပါတယ်။ အသုံးပြုလို့ ရနိုင်တာ မှန်ပေမယ့် အကြောင်းတစ်စုံတစ်ရာကြောင့် Stop ပြုလုပ်ရမယ် ဆိုရင် Web Browser လို Application တွေအတွက် Data Error ဖြစ်နိုင်ပါတယ်။

၆။ Device များကို Reboot ပြုလုပ်ပေးပါ။
တချို့သော Android User များဟာ Device များကို အချိန်အကြာကြီး Reboot မပြုလုပ်ဘဲ သုံးစွဲလေ့ ရှိပါတယ်။ အချို့သော Process များနဲ့ Installation များအတွက် Device တွေကို Reboot ပြုလုပ်ပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါကြောင့် အနည်းဆုံး သုံးရက်ကို တစ်ကြိမ်တော့ Device Reboot ပြု လုပ်ပေးသင့်ပါတယ်။

၇။ Launcher ကိုတစ်ခုထက် ပိုမိုမသုံးစွဲသင့်ပါ။
Android ရဲ့ Launcher တွေဟာ ဆန်းသစ်မှုတစ်ခုလို့ ဆိုနိုင်ပြီး ပုံစံ၊ ဒီဇိုင်းများစွာနဲ့ အလွယ်တကူ ရယူနိုင်မှာ ဖြစ်ပါတယ်။ Default ပါဝင်တဲ့ Home နဲ့ Launcher တွေဟာ အဆင်မသင့်ခဲ့ဘူးဆိုရင်တော့ Display ကို ပြဿာနာ ဖြစ်စေနိုင်တဲ့ အတွက် Launcher ကို ထည့်သွင်း အသုံးပြုမယ်ဆိုရင် တစ်မျိုးထဲ အသုံးပြုသင့်ပါတယ်။

၈။ Root ပြုလုပ်ထားတဲ့ Device များအတွက် Superuser ပိတ်ထားပါ။
Android ရဲ့ Root ပြုလုပ်ထားတဲ့ Device များမှာ Superuser ကို အသုံးမလိုရင် ပိတ်ထားသင့်ပါတယ်။ Superuser ရဲ့ လုပ်ဆောင်ချက်တွေဟာ Device ကို အသုံးပြုချိန်မှာ ပိုမို လေးလံစေပြီး System ထဲကိုလည်း ဝင်ရောက်ပြင်ဆင်နိုင်တဲ့ အတွက် အသုံးမပြုလိုတဲ့ အချိန်တွေမှာ ပိတ်ထားသင့်ပါတယ်။

၉။ Auto-Sync ကို ပိတ်ထားပါ။
Auto-Sync ဆိုတာကတော့ Android Account တွေရဲ့ Wifi ချိတ်ဆက် အသုံးပြုချိန်မှာပဲ ဖြစ်ဖြစ်၊ EVDO နဲ့ EDGE အသုံးပြုတဲ့ အချိန်မှာပဲဖြစ်ဖြစ် Data တွေကို သိမ်းဆည်း ဖလှယ်ပေးတဲ့ နည်းစနစ် တစ်ခု ဖြစ်ပါတယ်။ Auto-Sync ကို ပိတ်ထားခြင်းဖြင့် Battery အသုံးပြုနှုန်းရဲ့ ၁၀ ရာခိုင်နှုန်းကို သက်သာစေနိုင်သလို၊ လုပ်ဆောင်ချက်တွေကိုလည်း ပိုမိုမြန်ဆန်စေမှာ ဖြစ်ပါတယ်။

၁၀။ Hardware နှင့် ကိုက်ညီသော Android Version ကိုသာ အသုံးပြုပါ။
Android Version အသစ်တွေ များစွာဟာ သတ်မှတ် Hardware တွေအလိုက် ထွက်ရှိနေပါတယ်။ မိမိရဲ့ Device ဟာ သတ်မှတ် Version အလိုက်သာ ထည့်သွင်း အသုံးပြုနိုင်မယ်ဆိုတာ သိထားသင့်ပါတယ်။ Version မှားယွင်းမှုကြောင့် Device အပေါ်မှာ ထိခိုက်မှုများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။
source: sithu @ thihasitthu

IT Group facebook

Computer အကြည့်များတဲ့သူတွေ

မျက်စိညောင်းညာခြင်းကို လျော့ပါးစေတဲ့ မျက်စိလေ့ကျင့်ခန်း
=================================
ခပ်သွက်သွက်ပြေးတာပဲဖြစ်ဖြစ်၊ ရေကူးတာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ်ပြုလုပ်ပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့က
အရေးပါတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်ဆိုတာကို လူတိုင်းနီးပါး
သိထားတဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့် သင့်မျက်လုံးကိုလည်း လေ့ကျင့်ခန်းလုပ်ပေးလို့ ရတယ်ဆိုတာကိုသိထားပါသလား။ မျက်လုံး လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေသလို
မျက်စိညောင်းညာခြင်းကိုလည်း လျော့ပါးစေပါတယ်။ ဒါကြောင့် မျက်လုံးလေ့ကျင့်ခန်းလေးတွေကို လုပ်ပြီး
မျက်စိကို ကောင်းမွန်အောင် ထားနိုင်ကြဖို့ အောက်မှာ လွယ်ကူရိုးရှင်းတဲ့ မျက်လုံးလေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကုလားထိုင်မှာ သက်တောင့်သက်သာအနေအထားနဲ့ ထိုင်ပါ။ လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိ ပွတ်ပါ။ ပူနွေးလာရင် မျက်လုံးနှစ်လုံးကို ညင်သာစွာမှိတ်ပြီး လက်ဖဝါးနဲ့ အုပ်ထားပါ။
မျက်စိကိုဖိပြီးအုပ်မထားပါနဲ့။ လက်ဖဝါးအခွက်ထဲနဲ့ မျက်စိကိုအုပ်၊ အလင်းရောင်မဝင်အောင် လက်ချောင်းလေးတွေကို မဟအောင်ထားပါ။ နှာတံနဲ့ လက်ဖဝါးကိုလည်း ထိနေအောင်ထားပါ။
မှောင်မည်းတဲ့ ပတ်ဝန်းကျင်လိုသဘောထားပြီး အမှောင်ထဲကို အာရုံစူးစိုက်လိုက်ပါ။အသက်ပြင်းပြင်းရှုသွင်းလိုက်ပါ။ ပျော်ရွှင်ဖွယ်အမှတ်တရလေးတွေကို စဉ်းစားနေပါ။ မှောင်မည်းတဲ့ဝန်းကျင်ကိုသာ မြင်ရပြီဆိုရင် လက်ဖဝါးကို အသာလေးဖယ်လိုက်ပါ။
ဒီလိုမျိုးလေ့ကျင့်ခန်းကို ၃ မိနစ်လောက် လုပ်ပေးပါ။

၂။ မျက်စိကို တင်းတင်းလေးမှိတ်လိုက်ပါ။ ၅ စက္ကန့်လောက်ကြာရင် ပြန်ဖွင့်ပါ။ ၅ စက္ကန့်လောက် ကြာရင်
တင်းတင်းလေးပြန်မှိတ်ပါ။ ဒီလိုမျိုးလေး ၇ ကြိမ်၊ ၈ ကြိမ်လောက် လုပ်ပေးပါ။

၃။ မျက်လုံးလေးမှိတ်ပြီး လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံသဏ္ဍာန်လှုပ်ရှားမှုနဲ့ နှိပ်ပေးပါ။ တအားဖိပြီး
မနှိပ်ပါနဲ့။ အားဖျော့ဖျော့လေးနဲ့နှိပ်ပါ။

၎။ လက်ချောင်းသုံးချောင်းနဲ့ အပေါ်မျက်ခွံကို ဖိပေးပါ။ ၂ စက္ကန့်လောက် ဖိပြီး လျော့ချလိုက်ပါ။ ၅ ကြိမ်ခန့် လုပ်ပေးပါ။

၅။ သက်တောင့်သက်သာအနေအထားနဲ့ထိုင်ပါ။ မျက်လုံးကို နာရီလက်တံအတိုင်း လှည့်ပါ။
မျက်တောင်ခတ်ပါ။ နောက် နာရီလက်တံပြောင်းပြန်လှည့်ပါ။ ငါးကြိမ်လောက်လုပ်ပေးပါ။

၆။ မှန်ပြတင်းပေါက်နဲ့ ၆ လက်မလောက်အကွာမှာထိုင်ပါ။ မျက်စိအနေအထားနဲ့ အနေအတော်လောက်မှာ ထင်သာမယ့်အရောင်တခုနဲ့ အမှတ်လေးချစ်လိုက်ပါ။ အဲဒီအမှတ်လေးနေတဆင့် အဝေးတစ်နေရာကို ၁၅ စက္ကန့်လောက် စူးစိုက်ကြည့်လိုက်ပါ။ ပြီးရင် အမှတ်ကလေးကိုပဲ ၁၅ စက္ကန့်လောက် ပြန်ကြည့်ပေးပါ။
ဒါမှမဟုတ် ခဲတံတစ်ချောင်းကို လက်တစ်ကမ်းအကွာမှာ ကိုင်ပြီး စူးစိုက်ကြည့်ပါ။ နှာခေါင်းနားရောက်အောင် တဖြည်းဖြည်း ဆွဲယူလာပါ။
ပြီးရင် လက်တကမ်းအကွာကို တဖြည်းဖြည်း ပြန်ရွှေ့လိုက်ပါ။ ၁ဝ ကြိမ်လုပ်ပေးပါ။

၇။ နံရံတစ်ခုနဲ့ မျက်နှာချင်းဆိုင်ထိုင်ပါ။ ပြီးရင် ခေါင်းကိုမလှုပ်ပဲ မျက်လုံးနဲ့ နံရံပေါ်မှာ စာရေးပါ။ ပထမတော့ခက်ခဲတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။
လေ့ကျင့်ရင်းနဲ့ ပျော်စရာလေးတစ်ခု ဖြစ်လာတာကို တွေ့ရမှာပါ။
စာလုံးကြီးကြီးရေးလေ ထိရောက်မှု ပိုရှိလေပါပဲ။

၈။ ရှေ့မှာ နာရီကြီးကြီးတစ်လုံးရှိနေတယ်လို့ မှတ်ယူထားပါ။ နာရီရဲ့ အလည်ဗဟိုတည့်တည့်ကို ကြည့်နေပါ။
နာရီမှတ်ကိုကြည့်ပါ။ ဗဟိုကိုပြန်လာပါ။ နောက်နာရီမှတ် တစ်ခုကို ထပ်ကြည့်ပါ။ ဗဟိုကိုပြန်ကြည့်ပါ။
နာရီလက်တံ ၁၂ ခုပြည့်အောင်လုပ်ပြိးသွားရင် လုံလောက်ပါပြီး။ ဒီလေ့ကျင့်ခန်းကို မျက်လုံးမှိတ်ပြီးတော့လည်း လုပ်လို့ရပါတယ်။

၉။ ပေ ၁၅ဝ အကွာအဝေးလောက်မှာရှိတဲ့ အရာဝတ္ထုတစ်ခုခုကို စက္ကန့်အနည်းငယ်လောက် စူးစိုက်ကြည့်ပါ။
တဖြည်းဖြည်းနဲ့ ပေ ၃ဝ အောက်ရှိတဲ့ အရာဝတ္ထုဆီကို အကြည့်ပြောင်းလိုက်ပါ။
စက္ကန့်အနည်းငယ်လောက်ကြာရင် အဝေးမှာရှိတဲ့ အရာဝတ္ထုဆီကိုပြန်ကြည့်လိုက်ပါ။ ငါးကြိမ်လောက်
လုပ်ပေးပါ။

၁ဝ။ ဝေးနိုင်သမျှ ဝေးတဲ့ နေရာမှာရှိတဲ့ အရာဝတ္ထုတစ်ခုကို ကြည့်ပါ။ နာရီဝက်အကြာမှာ တခါလောက် အဝေးကိုကြည့်ပေးပါ။ ဒီလိုမျိုးကြည့်ပေးခြင်းဟာမျက်လုံး အမြင်စွမ်းအားကို ထိန်းထားပေးနိုင်သလို၊ အမြင်အာရုံယိုယွင်းလာခြင်းကိုလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

၁၁။ မျက်လုံးကို အပေါ်ကြည့် အောက်ကြည့် ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပြီး၊ ညာကြည့်၊ ဘယ်ကြည့်
ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပါ။ ကြည့်အခါမှာ မျက်လုံးကို ဖိပြီး မကြည့်ပါနဲ့။ ဖိပြီးကြည့်ရင် အမြင်အာရုံကို ပိုမိုဆိုးဝါးစေတာကြောင့် ဖွဖွလေးပဲမျက်လုံးကို ရွှေ့လျားပါ။
လေ့ကျင့်ခန်းတစ်ခုကို အချိန်ကြာကြာလုပ်တာထက်စာရင် မှန်မှန်လေးလုပ်ဖို့က ပိုအရေးကြီးပါတယ်။
ကွန်ပျူတာသုံးလို့ပဲဖြစ်ဖြစ် အလုပ်တစ်ခုကို အာရုံစိုက်ပြီးအချိန်အကြာကြီး အလုပ်လုပ်နေစဉ်မှာ မျက်လုံးကို ဟိုဟို၊ ဒီဒီရွှေ့လျားအလုပ်လုပ်စေပါ။ အလုပ်လုပ်နေစဉ် အတွင်းမှာလည်း အဝေးတနေရာကိုကြည့်ပြီး
မျက်လုံးညောင်းညာမှုကို ဖြေလျှော့ပါ။ လက်ဖဝါးနှစ်ဖက်ကိုပူအောင်ပွတ်ပြီး မျက်လုံးပေးမှာအုပ်ပေးထားတဲ့ နည်းကတော့ အကောင်းဆုံးပါပဲ။ ခဏခဏ မျက်တောင်ခတ်ပါ။ မျက်လုံး ညောင်းပြီးစပ်နေတဲ့အခါ အခြေအနေပေးရင် ရေအေးလေးနဲ့ မျက်လုံးကို ဆေးကြောပေးလိုက်ပါ။

credit to .>>>( Sarmicmantra)

Sunday, December 23, 2012

Galaxy Ace GT-S5839i ကို Root လုပ်နည်း

Galaxy Ace GT-S5839i ကို Root လုပ်နည်းလေးပါ။







GT-S5570, GT-S5570B, GT-S5570I, GT-S5570L, GT-S5571 ,GT-S5660, GT-S5660M, GT-S5660L, GT-S5660V, SHW-M290K (Korean GIO), GT-S5670, GT-S5670B, GT-S5670L, GT-S5830, GT-S5830B, GT-S5830C ,GT-S5830D, GT-S5830i, GT-S5830L, GT-S5830M, GT-S5830T  , GT-S5830Z , GT-S5839i GT-B7510, GT-B7510B, GT-B7510L, GT-B7800, GT-B5510, GT-B5510B, GT-B5510L, GT-B5512, GT-B5512B. GT-S6102, GT-S6102B  , GT-S5300, GT-S5360, GT-S5360B , GT-S5360L, GT-S5360T, GT-S5363, GT-S5369, GT-S5690, GT-S5690M , GT-S5690L, GT-I8150, GT-I8150B, GT-I5510, GT-I5510B, GT-I5510L, GT-I5510M, GT-I5510T.
ဒါတွေကို Root လို့ ရပါတယ်။ ဒါပေမယ့် အခုကတော့ GT-S5839i ကို Root လုပ်ပေးဖို့ အဓိကထားပြီပြောပေးမှာပါနော်။ ဘာတွေလိုမလဲဆိုတော့ Unknown source ကို on ထားပါ။ အောက်ကကောင်လေးကို ဒေါင်းပါ။
Download >> https://www.sugarsync.com/pf/D0019460_943_94220054
Download >> http://mc.tt/f0BB6FTod1O
Download >> http://www.mediafire.com/download.php?dhjobm83ecfv78a
ဒေါင်းလို့ ရလာတဲ့ကောင်လေးကို SD Card ထဲကို ထည့်ပါ။ ပြီးရင် ဖုန်းကို ပါဝါပိတ်ပါ။ Recovery Mode(Vol Up + Power + Home) ၀င်ပါ။ installed from SD ကနေ စောနကကဒ်ထဲကို ထည့်ထားတဲ့ကောင်ကိုရွေးပြီး Flash လုပ်ပေးလိုက်။ ပြီးရင် Reboot System Now နဲ့ Reboot လုပ်။ ပြန်တက်လာရင် SuperSU ဆိုတာလေး တွေ့။ ၀င်ကြည့်လိုက် update လုပ်ခိုင်းမယ်။ လုပ်လိုက်ပါ။ Continue လုပ်ပေးလိုက်။ ပြီးရော Rooting။ ဒါလေးပဲ…ဟိဟိ။ ဘယ်လောက်လွယ်လဲ။
ထုံးစံအတိုင်း Unroot ပြန်လုက်ချင်သလားဟွင်။ လုပ်ချင်ရင်ပေါ့နော်။အောက်ကကောင်လေးကိုယူနော်။
Download >> https://www.sugarsync.com/pf/D0019460_943_94220054
Download >> http://mc.tt/aaBB6GZ47H4
Download >> http://www.mediafire.com/download.php?bpb79qjt2i3nxss
ပုံမှန်အတိုင်း စောနကလို Recovery Mode ကနေ flash လုပ်လည်း ရတယ်။ အဲလို မလုပ်ချင်ရင် SuperSU ကို ၀င် Setting ထဲကနေ FullUnroot လုပ်လိုက်။ ပြီးရောပေါ့နော်။
အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။WE LOVE SHARING။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Myanmar Android App Center