Showing posts with label ပိဋကတ်. Show all posts
Showing posts with label ပိဋကတ်. Show all posts

Monday, August 26, 2013

Android ဖုန်းအတွက် ပိဋကတ်သုံးပုံ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ ဆော့ဖ်ဝဲ online မှာ ယူလို့ရပြီ

အခုအောက်မှာပေးထားတဲ့ လင့်ကနေ zip ဖိုင်လေးကို ဒေါင်းလိုက်ပါ အဲဒီ zip ဖိုင်ကို ဖြည့်လိုက်ရင် apk ဖိုင်နဲ့ CSP ဖိုဒါ ပါလိမ့်မယ် ဖုန်းထဲကို ထည့်နည်းကတော့ (ဖုန်းက Android version 4.0 အထက်ဖြစ်ဖို့လိုတယ် ) ဖုန်းထဲကို apk ဖိုင်ကို အင်စတောလုပ်လိုက်ပြီး  CSP ဖိုဒါကို SD ကဒ်ထဲကို ထည့်ပေးရမယ် (ဖိုဒါတစ်ခုခုအောက်မှာ ထည့်လို့မရဘူး) SD ကဒ်ထဲကိုထည့်လို့ အလုပ်မလုပ်ဘူးဆိုရင် ဖုန်းရဲ့ Internal Memory ထဲမှာ CSP ဖိုဒါကို ထည့်ပေးရမယ်
          ဒီဆော့ဖ်ဝဲကို ရေးသားသူကတော့ စိန်ရတနာကျောင်းမှ အရှင်ဣန္ဒောဘာသာ ဖြစ်ကြောင်း တဆင့်စကားအရ ကြားသိရပါတယ် (သေသေချာချာတော့ မသိရသေးပါ)  ဤအရှင်ဖြစ်စေ တခြားသူဖြစ်စေ အခုလို သာသနာတော်အတွက် ပိဋကတ်စာပေရှင်များအတွက် အဆင်ပြေစွာ ရေးသားတဲ့အတွက် များစွာ ကျေးဇူးလည်းတင် ဂုဏ်လည်းဂုဏ်ယူမိပါတယ်။
          အခု ပိဋကတ်ဖုန်းဆော့ဖ်ဝဲများနှင့် ကွန်ပြူတာဗားရှင်း ပိဋကတ်ဆော့ဖ်ဝဲများကို အနှိုင်းမဲ့နှင် စာတိုပေစများ အဖွဲက ဦးဆောင်ပြီး စေတနာရှင်များရဲ့ပံ့ပိုးကူညီမှုဖြင့် ပိဋကတ်စာပေပြန့်ပွားရေးရည်ရွယ်ချက်ဖြင့် သံဃာတော်အရှင်မြတ်များထံကိုယ်တိုင်ကိုယ်ကျ လိုက်လံထည့်ပေးလှူဒါန်းနေပါသည်။ နယ်မြို့များသို့လည်း စာတိုက်ကနေ ပို့ဆောင်ပြီး လှူဒါန်းနေသည်ဟု သိရပါသည်။ (ဤအဖွဲ့ကိုလည်း ဒီနေရာကပင် သာသနာတော်အကျိုးကို ဒီထက်မက ပံ့ပိုးကူညီနိုင်ပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါသည်)

          မိမိလက်ဝယ်သို့ရောက်လာသောအခါ (အင်တာနက်သုံး၍ အဆင်ပြေသော) နယ်မှာရှိနေသော သူငယ်ချင်းများကို ပေးချင်ပေမယ့် အဆင်မပြေဖြစ်နေတာနဲ့ မိမိ Online ကနေတင်ပေးပြီး ဒေါင်းလော့ယူကြလျှင် အဆင်ပြေလိမ့်မည့်ဟု တွေးမိသောကြောင့် အခုလို တင်ပေးလိုက်ရပါတယ်။ တခြားလိုချင်သူများလည်း အဆင်ပြေလိမ့်မည်ဟု ယူဆမိပါသည်။ ဖိုင်ဆိုဒ်က CD တစ်ချပ်နည်းပါရှိတဲ့အတွက်ကြောင့် ဖိုင်ဆိုဒ်ကို ဖြစ်နိုင်ခြေအရှိဆုံး ချုံ့ထားပါသည်။ ဒီထက်ဖိုင်ဆိုဒ်သေးအောင် ချုံ့လို့ရသောနည်းရှိသည်ဟု သိရသော်လည်း တစ်ရက်နည်းပါးစမ်းကြည့်သော်လည်း အဆင်မပြေတဲ့အတွက်ကြောင့် 590 MB ကနေ 108 MB လောက်ဘဲ ဖြစ်အောင် ချုံ့ပြီး တင်ပေးလိုက်ရတာပါ။ ဖုန်းထဲ့မှာ ဒီ zip ဖိုင်ကိုဖြည်ချင်တယ်ဆိုရင် 7ziper ကိုသုံးပါ၊ ကွန်ပြူတာမှာဆိုရင်တော့ winrar winzip တို့အသုံးပြုပြီးဖြည့်လို့ရပါတယ်။

ဒီမှာ ဒေါင်းပါနော်