Saturday, December 1, 2012

သင် အသုံးချနိုင်သလောက် အသုံးကျမယ့် Google Drive

ကွန်ပျူတာ နည်းပညာ နယ်ပယ်ကို အဓိက ဦးဆောင်နေသူများ ဖြစ်ကြတဲ့ Apple, Google နဲ့ Microsoft တို့ဟာ သူတို့ရဲ့ customers များကို အမြဲတစေ ဆွဲဆောင် သိမ်းသွင်းထား နိုင်ဖို့အတွက် မိမိတို့ရဲ့ services များကို ကောင်းသထက် ကောင်းအောင် အပြင်းအထန် ယှဉ်ပြိုင် ကြိုးစားခဲ့ကြပါတယ်။ အဲဒီ ကြိုးစားမှုတွေရဲ့ ရလာဒ်အဖြစ် April 24, 2012 မှာ ထွက်ပေါ်လာခဲ့တာကတော့ Google ရဲ့ cloud-based service ကို အခြေခံထားတဲ့ Google Drive ပါပဲ။

          Google ရဲ့ support အသစ်တစ်ခုဖြစ်တဲ့ Google Drive ဟာ သူ့ရဲ့ သုံးစွဲသူတွေကို ယခင်ကထက် ပိုမိုလွယ်ကူ မြန်ဆန်တဲ့ online files sharing စနစ်တစ်ခု ပံ့ပိုးပေးနိုင်ဖို့ အဓိက ရည်ရွယ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Google ဟာ သူ့ရဲ့ သုံးစွဲသူတွေကို ထပ်မံဆွဲဆောင်တဲ့ အနေနဲ့ သုံးစွဲသူတွေအတွက် အဓိက လိုအပ်နိုင်မယ့် Documents, Presentations, Spreadsheets နဲ့ အခြား features များကို အလွယ်တကူ လုပ်ဆောင်နိုင်စေဖို့လဲ online office suits တွေကို Google Drive မှာ ပေါင်းစပ် ထည့်သွင်း ပေးထားခဲ့ပါတယ်။

          Gmail account တစ်ခုရှိသူတိုင်း ရယူသုံးစွဲနိုင်တဲ့ Google Drive ဟာ သုံးစွဲသူတွေကို online cloud storage 5 GB အထိ အခမဲ့ သုံးစွဲခွင့်ပြုပါတယ်။ နောက်ထပ် လိုချင်သေးတယ် ဆိုယင်တော့ 25GB ကို တစ်လ USD 2.49 နဲ့ ထပ်တိုးပြီး အသုံးပြုနိုင်ပါတယ်။ Google ရဲ့ Google Drive နဲ့ အတူ ပွဲထုတ်လာတာတွေကတော့


File Sharing

          Google Drive ကို install လုပ်ပြီးယင် Google Drive ဟာ သုံးစွဲသူရဲ့ စက်ထဲက Hard Disk အပေါ်မှာ folder တစ်ခုအနေနဲ့ ရှိနေမှာ ဖြစ်ပြီး ကိုယ့်ရဲ့ data တွေကို online မှာ သိမ်းဆည်းထားဖို့အတွက် သာမန် copy, paste processes တွေမျိုးလောက်သာ လုပ်ဖို့ လိုပါတယ်။ Syn ကို သာမန်အားဖြင့် Google က တာဝန်ယူပြီး automatic process အနေနဲ့ ဆောင်ရွက်ပေးပါတယ်။ Google ရဲ့ Syn process ဟာ Gmail attachment လုပ်တာထက်စာယင် သိသိသာသာ မြန်ဆန်မှာဖြစ်ပြီး Google Drive ပေါ်မှာရှိတဲ့ ကိုယ့်ရဲ့ data တွေကို email address တစ်ခုရှိတဲ့ မည်သူ့ဆီကိုမဆို share လုပ်နိုင်ပါတယ်။

          စိတ်ဝင်စားစရာ ကောင်းတဲ့ တစ်ချက်ကတော့ Google ဟာ Gmail attachment ကို ယခင်က 25 MB အထိသာ ခွင့်ပြုခဲ့ပေမယ့် Google Drive မှာတော့ 10 GB အထိ ခွင့်ပြုထားတာမို့ အဆ 400 ပိုပြီး ခွင့်ပြုပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးကို အံ့အားသင့်စေခဲ့တာကတော့ Google Drive ထဲက files တွေကို mobile devices တွေကနေ Chrome (သို့) Mozilla လိုဟာမျိုးသုံးပြီး access လုပ်လို့ ရပေမယ့် Gmail attachments အဖြစ် အခုအချိန်အထိ လုပ်လို့မရနိုင်သေးတဲ့ အချက်ပဲ ဖြစ်ပါတယ်။


Docs, Sheets and Slides

          Google က သူ့ရဲ့ သုံးစွဲသူတွေအတွက် real-time data တွေကို online documents တွေအဖြစ် အချိန်နဲ့ တပြေးညီ အသုံးပြု ဖြန့်ဝေနိုင်စေဖို့ Google Docs တွေလို့ အများက သိကြတဲ့ Word processor, Spread sheets နဲ့ Presentation slides online apps တွေကို free office suits သဘောမျိုး Google Drive မှာ ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ Google Drive ကို အသုံးပြုတဲ့ မည်သူမဆို ရောက်တဲ့နေရာက တွေ့တဲ့ ကွန်ပျူတာနဲ့ ဒီ apps တွေကို အသုံးချပြီး ကိုယ့်ရဲ့ data တွေကို အလွယ်တကူ သိမ်းဆည်းထားနိုင်၊ အခြားသူများဆီကို ပေးပို့နိုင်ပါတယ်။


၁။ Google Doc

        Google doc ဟာ online word processing app တစ်ခုဖြစ်ပြီး word processing တစ်ခုမှာ အဓိက လိုအပ်တဲ့ လုပ်ဆောင်မှုများ ပါဝင်ပါတယ်။ Google docs မှာ

-       Word document တစ်ခုကို upload လုပ်နိုင်ပြီး Google document အဖြစ် ပြောင်းလဲနိုင်ပါတယ်။

-       Online ပေါ်က အခြား တစ်ယောက်ကို ဖိတ်ခေါ်ပြီး သူနဲ့အတူ edit လုပ်နိုင်တဲ့ feature ပါတဲ့အတွက် document အတွင်းမှာပဲ online chatting လုပ်နိုင်ပါသေးတယ်။

-       ကိုယ့်ရဲ့ document ကို အခြားသူ တစ်ယောက်ကို ဝင်ကြည့်ခွင့်၊ comment ရေးခွင့် ပြုနိုင်ပါတယ်။

-       Google document ကို edit လုပ်ခဲ့သမျှ revision history မှာ ဝင်ကြည့်ပြီး edit မလုပ်ခင်က အခြေအနေကို အချိန်မရွေး roll back  ပြန်လုပ်နိုင်ပါတယ်။

-       Google document တစ်ခုကို RTF, PDF, HTML ဒါမှမဟုတ် Zip file တွေအဖြစ် download လုပ်နိုင်ပါတယ်။

-       Language တစ်ခုကနေ အခြား language ကို translate လုပ်နိုင်ပါတယ်။

-       Email attachment အဖြစ် တွဲပို့ပေးနိုင်ပါတယ်။


၂။ Google Sheet

        အခြား spread sheet app တွေလိုပဲ spread sheet တစ်ခုမှာ လိုအပ်တဲ့ လုပ်ဆောင်မှုတွေ အားလုံးပါဝင်ပြီး Google Doc မှာ ပါဝင်တဲ့ online features တွေ ပါပါတယ်။

-       Excel ရဲ့ .txt, .csv နဲ့ .osd အမျိုးအစား files တွေကို Google sheet အဖြစ် import လုပ်နိုင်သလို Google sheet ကနေလဲ Excel ကို ပြန်ပြီး export လုပ်နိုင်ပါတယ်။

-       Google sheet ကနေ PDF နဲ့ HTML တွေအဖြစ်လဲ ပြောင်းနိုင်ပါတယ်။

-       Excel မှာလိုပဲ formula editing လဲ လုပ်နိုင်တဲ့အပြင် chart တွေလဲ ထုတ်နိုင်ပါတယ်။

-       Google doc မှာလိုပဲ အခြားတစ်ယောက်နဲ့ online မှာ အတူတကွ editing လုပ်နိုင်သလို edit လုပ်နေယင်းနဲ့ sheet ထဲမှာတင် online chatting လုပ်နိုင်ပါသေးတယ်။

-       Google sheet ကို web site (သို့) blog တွေမှာ embedded လုပ်ပြီး သုံးနိုင်ပါတယ်။


၃။ Google Slides

        Online presentation app တစ်ခု ဖြစ်ပါတယ်။ Google slides ကို အသုံးပြုမယ် ဆိုယင် ကိုယ့်ရဲ့ presentation file ကို နေရာတကာ ယူဆောင်သွားစရာ မလိုအပ်တော့ပါဘူး။ Internet conn ရတဲ့ ဘယ်လိုစက်မျိုးမှာမဆို Google Drive ကို support လုပ်တဲ့ browser တစ်ခုရှိတာနဲ့တင် အဆင်ပြေပါတယ်။

-       Google Docs နဲ့ Google Sheets တွေလိုပဲ online မှာ အခြားသူတွေနဲ့ real time အတူတကွ presentation slides တွေကို ပြင်ဆင်နိုင်ပါတယ်။

-       Presentation slides တွေထဲမှာ images နဲ့ videos တွေကို ထည့်သွင်းနိုင်ပါတယ်။

-       Powerpoints files တွေဖြစ်တဲ့ .pptx နဲ့ .pps files တွေကို Google presentation အဖြစ် ပြောင်းလဲနိုင်ပါတယ်။

-       Google presentation files တွေကို .pdf, .ppt နဲ့ .txt files တွေ အဖြစ် download လုပ်နိုင်ပါတယ်။

-       Google presentation ကို web site (သို့) blog တွေမှာ embedded လုပ်ပြီး သုံးနိုင်ပါတယ်။


by Sun Thurain Moe facebook

No comments:

Post a Comment