နည်းလမ်း (၁): AutoInstallation
- Windows/Mac အတွက် iFunbox ကို Down ပါ (iFunbox Down ရန်),
- မိမိသွင်းလိုတဲ့ (.deb) file တွေကို desktop ပေါ်ကို Down လိုက်ပါ
- iFunbox ကို Run ပြီး iDevice (iPhone, iPod or iPad) ကို ချိတ်လိုက်ပါ
- iFunBox က မိမိ device ထဲက contents တွေကိုပြပါလိမ့်မယ်၊ var/root/Media/ ဆိုတဲ့ လမ်းကြောင်းကိုရွေးလိုက်ပါ။
- Cydia/AutoInstall ဆိုတဲ့ folder ကိုဆောက်လိုက်ပါ၊ ဒီလိုဖြစ်သွားပါလိမ့်မယ် var/root/Media/Cydia/AutoInstall (အစထည်းကမရှိမှာသာ Folder ဆောက်ရန်ဖြစ်ပါတယ်)
- Desktop ပေါ်မှာ Down ထားတဲ့ (.deb) file ကို var/root/Media/Cydia/AutoInstall ဆိုတဲ့ Folder ထဲကိုရွှေ့လိုက်ပါ
- iDevice ကို Reboot လုပ်လိုက်ပါ။
- YOU ARE DONE
နည်းလမ်း (၂) : iFile မှတဆင့်သွင်းနည်း
လိုအပ်သော Software : iFile ( Insanelyi or HackYouriPhone repo တွေကနေ Down နိုင်ပါတယ်)- Windows/Mac အတွက် iFunbox ကို Down ပါ (iFunbox Down ရန်),
- မိမိသွင်းလိုတဲ့ (.deb) file တွေကို desktop ပေါ်ကို Down လိုက်ပါ
- iFunbox ကို Run ပြီး iDevice (iPhone, iPod or iPad) ကို ချိတ်လိုက်ပါ
- iFunBox က မိမိ device ထဲက contents တွေကိုပြပါလိမ့်မယ်၊ ကြိုက်တဲ့ လမ်းကြောင်းကတဆင့် Folder တစ်ခုကိုရွေးလိုက်ပါ။ ဥပမာ: var/mobile/Documents
- Desktop ပေါ်မှာ Down ထားတဲ့ (.deb) file ကို var/mobile/Documents ဆိုတဲ့ Folder ထဲကိုရွှေ့လိုက်ပါ
- iDevice ပေါ်ကနေ iFile ကို Run လိုက်ပါ ၊ စောစောက Folder ကို ရှာပြီးဖွင့်လိုက်ပါ။ ဥပမာ : var/mobile/Documents
- (.deb) file ကိုရွေးပြီး and install ကို Select လုပ်ပါ။
- YOU ARE DONE
>> Install OpenSSH from Cydia, reboot, အစက ပြန်လုပ်ကြည့်ပါ>> ဒီလိုပဲထပ်ဖြစ်နေရင်>>Cydia ထဲက afc2add ကို Install ပြီး reboot လိုက်ပါ။
နည်းလမ်း (၃): Mobile Terminal နဲ့သွင်းနည်း
လိုအပ်သော Software: Mobile Terminal နှင့် OpenSSH (Cydia ကနေ သွင်းရမှာပါ)“Steps 2 and 3 ဟာ ဒီနည်းနဲ့ သွင်းတဲ့ ပထမဆုံးတစ်ခေါက်မှာပဲလိုအပ်မှာဖြစ်ပါတယ်”
- မိမိသွင်းလိုတဲ့ (.deb) file တွေကို desktop ပေါ်ကို Down လိုက်ပါ (ဥပမာ LockInfo)
- Cydia ကိုဖွင့်ပါ, “Search” ကိုသွားပါ, “Mobile Terminal” ဆိုပြီးရှာပါ၊တွေ့ရင် install လုပ်ပါ။
- Cydia ကိုဖွင့်ပါ, “Search” ကိုသွားပါ, “OpenSSH” ဆိုပြီးရှာပါ၊တွေ့ရင် install လုပ်ပါ။
- “MobileTerminal” ကိုဖွင့်လိုက်ပါ
- အောက်က commands တွေကိုရိုက်ပြီး reboot လုပ်ပါ။:
alpine (return ကိုနှိပ်ပါ )
dpkg -i nameofpackage.deb ( return ကိုနှိပ်ပါ ), မျဉ်းသားထားတဲ့ nameofpackage ဆိုတဲ့နေရာကို မိမိလိုချင်ရာပြောင်းလိုက်ပါ ဥပမာ : LockInfo
မူရင် လင့်က ဒီမှာ ပါ။
No comments:
Post a Comment