Showing posts with label Gmail. Show all posts
Showing posts with label Gmail. Show all posts

Tuesday, February 26, 2013

မလိုချင်သော Mail များ ထပ်ဝင်မလာအောင်

အဆင့်(၁) ကျွန်တော်တို့အရင်ဆုံး မဝင်ချင်သောမေးလ်ကိုဖွင့်လိုက်ပါ။ ဖွင့်ပြီပြီဆိုရင် ပေါ်ဘက်နားလေးက More ဆိုတာလေးကို ကလစ်ပေးပြီးတော့  Filter message like these ဆိုတာကို ကလစ်ပေးပါ။


အဆင့်(၂) အဲဒါပြီးရင် နောက်ထပ် Create filter with this search>> ဆိုတာကိုကလစ်ပေးပါ။

အဆင့်(၃) နောက်တစ်ခုမှာ Delete it နဲ့ Also apply filter to 2 matching conversions ဆိုတာမှာ အစက်ကလေးထည့်ပြီးတော့ Create Filter ကို ကလစ်ပေးလိုက်ပါ။ ဒါဆိုရင်ပြီးပါပြီ။
မှတ်ချက်။ Also apply filter to 2 matching conversions မှာ က နှစ်ခုဖြစ်နိုင်သလို အများကြီးဖြစ်နိုင်ပါတယ်။
အဆင်ပြေကြပါစေ......
---mhuthaw.blogspot.com

How to Create a Filter in Gmail

1. Enter your Gmail log in information.


 
2.Click the "Create a Filter" link, located next to the Gmail search bar.



3. nter the search criteria that you would like to apply to the filter.



4.After entering your desired filter information, click the "Next Step" button.


 
5.Choose the appropriate boxes and save your new filter.

 

Friday, January 18, 2013

Android ဖုန်းမှာ Gmail Sign out လုပ်နည်း

1.setting
2.account and syn
3. ဖုန်းမှား ကိုယ့်သုံးထားတဲ့အကောင့်တွေပြလိမ့်မယ်
4. ကိုယ်ဖျက်ချင် ထွက်ချင်တဲ့အကောင့် ကိုဖွင့်လိုက်ပါ
5. menu ကိုနှိပ်ပြီး romove account ကိုရွေးပေးလိုက်ပါ
 ဒါဆိုပျက်သွားပါပြီ

Wednesday, January 9, 2013

Gmail account သစ်ဖွင့်နည်း

ပထမဦးဆုံးလုပ်ရမှာက်firefox ဒါမှမဟုတ် internet exploer တခုခုပေါ့ ပြီးရင် www.gmail.com ကိုရိုက်လိုက်ပါ ပြီးရင် Creat an account ကို နှိပ်ပါ ပြီးရင်Name မှာ ဟိုဘယ်ဒီဘက် မျှထည့်ပါ ဥပမာ khaingthinkyi2013 ဆိုပါစို့ first မှာ khingthin ကိုထည့်ပြီးတော့last မှာ kyi2013ကိုထည့်ပေးပါ့ ပြီးရင် Choose your username မှာ khaingthinkyi2013 ကိုထည့်ပေးပါ ပြီးရင် Create a password မှာ ၈လုံးအထက်ရိုက်ပေးပါ passwordက strong password ဒါမှမဟုတ် good password ဆိုမှအဆင်ပြေမှာပါ ဥပမာပြောရရင် ဒီနေ့ဒိတ်လေးနဲ့ နောက်ကဂဏန်းတစ်ခုခုထည့်ပေးပါ ကျွန်တော်ကတော့ဒါလေးထည့်ထားပါတယ် ပြီးမှပြန်ပြောင်းပေါ့ 010920123 Confirm your password မှာလည်း အပေါ်ကထည့်ပေးတာလေးထည့်ပေးပါ ပြီးရင်birthday ထည့်ပါ ၁၉၉၃ကနေပြီးတော့ ၁၉၈၀အထိ အဆင်ပြေပါတယ် ၁၉၉၄ကနေပြီးတော့ ၂၀၁၃အထိအဆင်ပြေမှာမဟုတ်ဘူး gender မှာ ယောင်္ကျားလား မိန်းမလားတစ်ခုခုရွေးပေးပါ ပြီးရင်+95 ပါပြီးသားပါ နောက်ကနေဖုန်းနံပတ်တွေ မထည့်ပေးပါနဲ့ ထည့်ပေးရင် code တောင်းလိမ့်မယ် ပြီးရင် your current email address မှာ အကောက်ရှိပြီးသား email ကိုထည့်ပေးပါ ဥပမာ သူငယ်ချင်းရဲ့အကောက်တစ်ခုခုပေါ့ password အခိုးခံရရင်တောင် your current email မှာထည့်ခဲ့တဲ့ သူငယ်ချင်းရဲ့ မေးနဲ့ passwordပြန်ပြောင်းလို့ရတယ် prove you're not arobot ရဲ့ type the two pieces of text: မှာ ပေးထားတဲ့ဟာလေးမှန်ကန်အောင်ထည့်ပေးပါ တစ်ခုနဲ့ တစ်ခုခြားမှာ spacebar ခြားပေးပါ ဥပမာအနေနဲ့ရှင်းပေးပါမယ်နော် ဥပမာ thoseIpnormဆိုပါစို့ thoseနဲ့Ipnorm မှာ space bar ခြားပေးပါ ဒီလိုရေးပါ those ipnormလိုရေးပါ အကုန်လုံးအသေးရေးပေးပါ သူ့မှာအကြီးပေးလဲ အသေးဘဲရေးပေးပါ တကယ်လိုစလုံးတွေဝါးနေပါက မျှားလေးကိုနှိပ်ပေးပါ ဒီလိုမှမဟုတ်ရင်အစကနေပြန်လုပ်ရမှာပါ location မှာmyanmar ပါပြီးသားပါ တကယ်လို့မပါရင် ရွေးပေးပါ ပြီးရင် ပြီးရင်အောက်က box နှစ်ခုမှာ အမှန်ခြစ်ထည့်ပေးပါ ပြီးရင်next step ကိုနှိပ်ပေးပါ မနှိပ်ခင် အပေါ်ကဟာကိုပြန့်စစ်ပေးပါ ပြီးရင်နှိပ်ပေတော့ဗျာ ပြီးရင် welcome ဆိုတာလေးပေါ်လာလိမ့်မယ် continue to gmail ကိုနှိပ်လိုက်ပါ ပြီးရင် gmail ကိုနှိပ်လိုက်ပါ ကဲရပါပြီဗျာ.........
Credits to @Aung Min Han..

Monday, January 7, 2013

U8825D မှာ Gmail, Gtalk သုံးလို့ရအောင်

၁။ root လုပ်ထားရပါမယ်။
၂။ root exproler ရှိရပါမယ်
 ၃။ ဒီအောက်က ဖိုင်းတွေကို ဒေါင်းပြီး SD card ထဲကနေ root exproler နဲ့ နေရာချထားရပါမယ်။
    ထားရမယ့်နေရာကတော့
   System/app 
ပြီးရင်တော့ ဖုန်းကို restart ချလိုက်ပါ။

GoogleServicesFramework 
 GoogleLoginService
Talk.apk
Gmail.apk

Saturday, December 29, 2012

G talk အကောင့် ဘာကြောင့်ပျောက်

တကယ်တမ်းတော့ ကျွန်တော်တို့အကောင့်ကို ဘယ်သူမှမခိုးပါဘူး၊ ကျွန်တော်တို့ကိုယ်တိုင်ပဲ လုပ်နေကြတာပါ။ တစ်ခါတစ်ခါ မသိလိုက်ပဲပိတ်ဖို့မေ့ကျန်ခဲ့တတ်ကြပါတယ်။
ပထမအချက်က-
Gmail ပိတ်ဖို့မေ့ခဲ့တာ(သို့မဟုတ်) Remember password ပေးထားတာပဲဖြစ်ဖြစ် Browser ထဲမှ ကျန်ခဲ့တက်ပါတယ်။ Gtalk ပိတ်ဖို့မေ့သွားရင်တော့ ယူတဲ့သူကလွယ်လွယ်နဲ့တော့ ယူလို့မရပါဘူး။
Password Viewer Software တွေရယ် password-recovery-for-google တွေကိုအသုံးပြုရပါတယ်။
ဒုတိယအချက်က-
Key Logger တွေကိုအသုံးပြုပြီး Password ကို ခိုးယူခဲ့ကြပါတယ်။ တစ်ချို့ အင်တာနက်ဆိုင်တွေမှာတော့ Key logger ကို စက်ထဲ ထည့်သွင်းထားပြီး User တွေရဲ့ Password တွေကို ယူတတ်ကြပါတယ်။
အခုနောက်ပိုင်းခေတ်စားလာတာက Phishing နည်းပညာလို့ခေါ်ပါတယ်။
အဲ့ဒါကတော့ Gmail Home page အတုတွေ ရယ်၊ Gmail inbox ထဲဝင်လာတဲ့ Mail မှာ Recover လုပ်မလား ဆိုတဲ့ Fade mailကို သွားဖွင့်ပီးတော့ User-name နဲ့ Password ကိုထည့်ပေးလိုက်မိရင် မိမိရဲ့ အကောင့်ကို တစ်ခြားသူက သိရှိသွားနိုင်တဲ့အကြောင်းအရာတွေပါ။
ကျနော့်အကောင့်ဘာကြောင့် ပျောက်ရတာလဲဆိုတော့- ကျနော်က blogspot ရေးပါတယ် ပြိးတော့ Youtube က နည်းပညာနဲ့ပတ်သတ်တဲ့သတင်းတွေကိုဖတ်ပါတယ်။ တစ်ချို့ဆိုက်တွေကို မြန်မာပြည်ကပိတ်ထားတော့ US Proxy ကို ၀ယ်ပြီး ပြောင်းသုံးပါတယ်။ ဒါမှ ကျော်ကြည့်လို့ရမယ် အသုံးချလို့ရမှာကို……….
ပုံမှန် လုပ်တဲ့အလုပ်တွေကို မြန်မာ Proxy နဲ့သုံးပါတယ် ပြီးတော့ ကျော်ပြီးသုံးရတော့မယ်ဆိုရင် US Proxy ကို သုံးမိလိုက်တယ် အဲ့ဒီတော့ ခုနကအသုံးပြုတုန်းက မြန်မာ Ip Address နဲ့၊ အခုချက်ခြင်းပဲ US IP ကို ပြောင်းသွားတာဆိုတော့ဆိုတော့ Google Server ကမယုံတင်ကာဖြစ်ပြီး ဖြတ်လိုက်တယ်လို့ ထင်ပါတယ်။ အဲ့ဒီတော့အကောင့်လေးက ပျက်သွားရော။ အကယ်၍ Proxy နှစ်ခု အပြောင်းအလဲလုပ်မယ်ဆိုရင် အနည်းဆုံး (၂)နာရီခြားပါ ။ By Pass Program တွေဖြစ်တဲ့ Freedom တို့လိုမျိုးသုံးလည်းအတူတူပါပဲ ဆင်ခြင်နိုင်အောင် လို့ပါ။
Disable ဖြစ်သွားခဲ့ရင်တော့ 24 နာရီစောင့်ကြည့်လိုက်ပါ။ ပြီးမှ ပြန်ဖွင့်ကြည့်ပါ။ ဘာကြောင့်လည်းဆိုတော့ တစ်ချို့အကောင့်တွေ ပြန်မရခဲ့ပါဘူး တစ်ချို့အကောင့်တွေတော့ လွယ်လွယ်နဲ့ပြန်ရခဲ့ပါတယ် ။
Gmail မှာ လုံခြုံရေးစနစ် အဓိက (၃)ခုရှိပါတယ်။ Gmail Password ပျောက်သွားလို့ Gmail အကောင့်တစ်ခု ဆုံးရှုံးသွားပီလို့မထင်လိုက်ပါနဲ့ ပြန်ယူလို့ရပါတယ် ပြန်ယူနည်း (၃)နည်း ရှိပါတယ်
(၁) Gmail Recover လုပ်ထားပါ ဘာကြောင့်လည်းဆိုတော့ Password ပြန်ယူရာမှာ Recover မလုပ်ထားပါက ပြန်ယူလို့ရမယ်မဟုတ်ပါ။ Gmail Recover လုပ်မယ်ဆိုရင် အကောင့်နှစ်ခုပိုင်ဆိုင်ထားရမှာဖြစ်ပြီး အကောင့်အချင်းချင်း Recover ပေးထားလို့ ရပါတယ်။
(၂) Answer your security question
Answer your security question ကတော့ Password ကို အရင်ပေးထားတဲ့ Security Question အသစ် ကို ပြောင်းတာဖြစ်ပါတယ်။
(၃) I no longer have access to these
အပေါ်ကပေးထားတဲ့နည်းအတိုင်းမရပါက နောက်ဆုံးလုပ်ဆောင်ရမည့်အပိုင်းဖြစ်ပါသည်။(အသေးစိတ်လွန်းပါသည်)
မှတ်ချက်။ ဖြစ်နိုင်ရင်တော့အဆင့်တစ်ဆင့်လုပ်ပြီးတိုင်း (၂၄)နာရီ ခြားပေးပါ။မရတဲ့အခါမှ နောက်တစ်ဆင့်လုပ်ပါ.
ရှင်းလင်းချက် (၁) Gmail Recover လုပ်ထားပါ
မိမိ၏ ဂျီမေလ်း password မေ့သွားခဲ့လျှင် password recovery options ကိုအသုံးပြုပြီး password reset လုပ်နိုင်ပါ သည်။ Password reset လုပ်ရာတွင် Email Optoions / Phone Option နှင့် Security Option များစသည်ထဲမှ တစ်ခုခု ကိုအသုံးပြုပါသည်။ အသုံးအများဆုံး password recovery option ကတော့ Email option ကို ပဲ အသုံးပြုပါသည်။ (ရှင်းလင်းချက်ကိုကြည့်ပါ)
(Recovering Your Password လုပ်ရန်မေလ်းအား whitecloud12909@gmail.com အဖြစ် နမူနာထားပါမည်။)
(1) မိမိ Password recovery လုပ်ချင်သောဂျီမေလ်း ကို Sign in လုပ်ပါ။
(ဥပမာ nyaal...@gmail.com)
(2) Gmail setting / Accounts and Imports / Change account setting မှ Change password recovery options ကို အဆင့်ဆင့် Click ပါ။ အောက်ပါပုံအတိုင်းပေါ်လာပါမည်။

ဝိုင်းပြထားသော Add or remove email address နေရာကို Click နှိပ်၍ Add an additional email address နေရာတွင်
password recovery လုပ်ချင်သော ဂျီမေလ်းအကောင့်ကို ရိုက်ထည့်ပါ။ ပြီးလျှင် Save ကိုနှိပ်ခြင်းဖြင့် Password Recovery လုပ်ဆောင်ပြီးစီးပြီဖြစ်ပါသည်။ ယခုလို လုပ်ဆောင်ထားခြင်းဖြင့် အကယ်၍ Password မေ့ခဲ့သည်ရှိသော အခက်အခဲတစ်စုံတစ်ရာမရှိပဲ မိမိ ဂျီမေလ်း၏ password ကိုအလွယ်တကူပြန်ယူလို့ရပါသည်။
မိမိရဲ့ Password (လျှို့ဝှက်)နံပတ် မမှတ်မိတော့လျှင် ပြန်လည်လုပ်ဆောင်ရန်
1. အောက်ပါပုံအတိုင်း Gmail ကို Open လိုက်ပါ.။ User name မှာ Password မေ့နေသောအကောင့် နာမည်ကိုရိုက်ပါ။
(Password မေ့နေသော မေလ်းအား nyaalinkarr@gmail.com အဖြစ် နမူနာထားပါမည်။)
ဝိုင်းပြထားသောနေရာမှာ Can’t access your account? ကို Click ပါ။
2. အောက်တွင်ဖော်ပြထားသောပုံအတိုင်း Password Recovery လုပ်ထားစဉ်က ဂျီမေလ်းလိပ်စာကို ကိုရိုက်ပြီး Summit ကို Click ပါ။
3. အောက်ကပုံအတိုင်းဖော်ပြပေးထားသော စာတွေကို အကြီးဆို အကြီး၊ အသေးဆို အသေး မှန်ကန်စွာရိုက်ရပါမည်။ပြီးလျှင်တော့ Continue ကို Click ပါ။



4. အောက်မှာတွေ့ရသည့်အတိုင်း Email to ကို On ပေးပါ။ ပြီးလျှင် Continue ကို ဆက်လက် Click ပေးပါ။
Email to ***...@g*****.com ဆိုတာက မိမိရဲ့ password အသစ်ကိုပြောင်းလို့ရမယ့်လင့်ကို Recover ပေးထားတဲ့မေးထဲသို့ပို့ပေးမှာဖြစ်ပါသည်။ အဲ့ဒါကို ကလစ်ပေးပီးတော့ Continue ကိုနှိပ်လိုက်တာနဲ့ Recover mail ထဲကိုရောက်သွားပါလိမ့်မယ်။



5. ထိုအခါ Password recovery လုပ်ထားသော ဂျီမေလ်းအကောင့်ထဲသို့ မေလ်းတစ်စောင့်ရောက်ရှိလာပါလိမ့်မည်။
6. ရောက်ရှိလာသော မေလ်းအားဖွင့်ရန်အတွက် Recovery လုပ်ထားသော ဂျီမေလ်းကို Sign in လုပ်ပါ။
မေလ်းကိုဖွင့်၍ ပုံတွင်ပြထားသည့် Link ကိုနှိပ်ပါ။
7. Link ကိုနှိပ်လျှင် အောက်တွင်ပြထားသည့်ပုံအတိုင်း New Password နှင့် Re-enter password တွင် Password အသစ်ကိုရိုက်ထည့်ပြီးနောက် Reset Password ကို နှိပ်ပေးပါ။
ဒါဆိုရင် Password မေ့သွားသောအကောင့် ကို ယခုယူထားသော Password အသစ်ဖြင့် Sign in လုပ်၍ ပြန်လည်အသုံးပြုနိုင်ပါပြီ။
xxxxxxxxxxxxxxxxxxxxxxxxx
ရှင်းလင်းချက် (၂) I no longer have access to these
I no longer have access to these ဆိုတာလေးကို ကလစ်လေးပေးပီးတော့ Conitinue ကိုနှိပ်လိုက်ပါ ။ အောက်မှာ ပြထားတဲ့ Box လေးတစ်ခုကျလာပါလိမ့်မည်
ပထမဆုံးက မိမိမှာအကောင့်အပိုတစ်ခု(သို့) မိမိသူငယ်ချင်းရဲ့ဂျီမေးလိပ်စာတစ်ခုခုကို ခနငှားပီးတော့ Contact informationand problem details ဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိတဲ့-
An email adress we can use to contact you* ဆိုတဲ့အကွက်လေးထဲမှာ ထည့်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ ဂျီမေးလိပ်စာအတိုင်း Password ပြောင်းမယ့် လင့်ကိုပို့ပေးမှာဖြစ်ပါသည်။ ပြီးရင် အောက်နားလေးက I am unable to reset my password ဆိုတာလေးကို Click ပေးပါ။
Product information အောက်နားက Do you use Gmail with this account?* ဆိုတဲ့နေရာမှာ Yes ကိုရွှေးပေးလိုက်ပါ ရွေးပေးလိုက်ရင် အောက်နားမှာ အကွက်လေးတွေထပ်ထွက်လာပါလိမ့်မယ်။ အကွက်လေးထဲမှာ မိမိပျောက်သွားတဲ့
ဂျီမေးလိပ်စာကိုထည့်လိုက်ပါ ။ပြီးလျှင် အောက်နားမှာ Do you have a verification code? ဆိုတာလေးရှိပါတယ်။ အဲ့ဒါက အကောင့်လုပ်ကတည်းက recover mail ပေးပြီးတော့ လုပ်ထားမှရပါတယ် အဲ့ဒီကုဒ်လေးကို သိရင်တော့ ထည့်ပေးလိုက်ပါ။ မသိရင်လည်း ထားခဲ့လို့ရပါတယ်။ ဆက်ပြီး Email adresses of up to five frequently emailed contacts: ဆိုတဲ့နေရာမှာ မိမိအကောင့် လုပ်တုန်းက အရင်ဆုံး Add တဲ့သူ (သို့)အရင်ဆုံး မေးလ်ပို့ တဲ့သူတစ်ယောက် ရဲ့ အကောင့်ကို ထည့်ပေးရမှာဖြစ်ပါတယ်။ (ဒါကလည်းမလွယ်လှပါဘူး. မှတ်မိချင်မှမှတ်မိပါလိမ့်မယ်)
Other account information
Account creation date* အကောင့် လုပ်ခဲ့တဲ့ လနဲ့နှစ်ကို ထည့်ပေးရပါမယ်။ Last successful login date ဆိုတာက နောက်ဆုံး ဖွင့်ခဲ့တဲ့နေ့ကို ထည့်ပေးရပါမယ်။ အတိအကျထည့်ပေးရပါမယ်။ မသိရင်တော့ထားခဲ့လိုက်ပါ။ ပြီးရင် password အဟောင်းကို last password you remember* အဲ့အကွက်လေးထဲမှာထည့်ပေးလိုက်ပါSubmit ကို နှိပ်လိုက်ပါ။ နည်းနည်းလေးကြာရင်တော့ ကျွန်တော် ထိပ်ဆုံးမှာ(An email adress we can use to contact you* ) ထည့်ထားတဲ့ဂျီမေးလ်လိပ်စာထဲကို Password အသစ်ပြောင်းမယ် လင့်လေးရောက်လာပါလိမ့်မယ် အဲ့ဒီမှာပြောင်းလိုက်ရင် အဆင်ပြေသွားပါပြီ။
ဒီနည်းလေးက ကိုယ့်အကောင့် အခိုးခံရသူတွေအတွက် လုပ်ရတာအဆင်ပြေပါတယ် ဘာလို့လည်းဆိုတော့ ကိုယ်ပဲသိနိုင်တဲ့အချက်အလက်တွေပဲဖြစ်လို့ပါ။ဒါပေမဲ့လည်း ကျွန်တော်တို့ ကိုယ်တိုင်မှတ်သားထားမိဖို့လိုပါလိမ့်မယ်။
စေတနာများစွာဖြင့်
အလင်္ကာည

http://alinkarnya.blogspot.com
--

Gmail လုပ်ခဲ့တဲ့နေ့ကို ဘယ်လိုရှာမလဲ

First, head to Gmail Settings.
Then click on the Forwarding and POP/IMAP tab.
အဲဒီမှာ ပုံမှာပါတဲ့ နေရာလေးမှာ Date ကိုကြည့်လိုက်ပါ

Gmail Account Create Date

Wednesday, December 26, 2012

Browser တခုထဲကနေ Facebook အကောင့် ၂ခု ၃ခု , Gmail အကောင့် ၂ခု ၃ခု ကို တပြိုင်ထဲ အသုံးပြုနည်း

ဒီနည်းလေးက လွယ်ပါတယ်....ကျွန်တော်လည်းအစကမသိပါဘူး......

တစ်ပြိုင်ထဲ facebook အကောင့်နှစ်ခုဖွင့်ထားချင်သူတွေအတွက်

အဆင်ပြေပါတယ်

Firefox Browser အတွက်ကိုတော့ Extension လေးတစ်ခုကို Browser

မှာ Add ပေးရမှာပါ....ဒီလင့်လေးကိုအရင်သွားလိုက်ပါခင်ဗျာ >>>

http://br.mozdev.org/multifox/

Install Multifox ကို နှိပ်ပါ လမ်းညွှန်တဲ့အတိုင်း Install ပေးလိုက်ပါခင်ဗျာ

ပြီးရင် Firefox Browser ကို Restart ချပေးလိုက်ပါ

ကီးဘုတ်က Ctrl + Alt + M ကိုနှိပ်ပြီး Facebook နှစ်ခု သုံးခု Gmail နှစ်ခု

သုံးခုကို Browser တစ်ခုထဲမှာ Login ဝင်နိုင်ပါပြီခင်ဗျာ....

Chrome Browser မှာတော့ မည်သည့် Extension မှ

ထည့်ပေးစရာမလိုပါဘူး ကီးဘုတ်က Ctrl + Shift + N

ကိုနှိပ်လိုက်ပြီး Log in ၀င်လို့ရပါပြီ......

______________________________________________
light@LHM( IT group facebook မှ ကူးယူမှတ်သားထားပါသည်