Showing posts with label PC check. Show all posts
Showing posts with label PC check. Show all posts

Sunday, February 3, 2013

Graphic မန်မိုရီကို ဘယ်လိုကြည့်မလဲ


ဒီနည်းလေးကတော့ ဘာမှပြောင်းလဲပေးဖို့ မလိုပါဘူး..။ ဗဟုသုတ အနေနဲ့ တင်ပေးလိုက်တာပါ..။ ကျနော်တို့ ကွန်ပျူတာတွေမှာ ဂရပ်ဖစ်မန်မိုရီကလည်း တခန်းပါဝင်ပါတယ်..။ ဘာလို့လဲဆိုတော့ ဂရပ်ဖစ်မရှိရင် Games တွေကစားလို့မရပါဘူး..။ နောက်ပြီး Screen Saver လည်းအလုပ်မလုပ်ပါဘူး..။

စက်အဟောင်းတွေ ဝင်းဒိုးအသစ်တင်တဲ့အခါ ဂရပ်ဖစ်တွေ ပျောက်တတ်ပါတယ်..။ အဲခါမျိုးတွေမှာ Driver အခွေရှိတဲ့စက်တွေကတော့ လွယ်ပေမယ့် Driver ခွေမရှိတော့တဲ့စက်တွေမှာတော့ အင်တာနက်မှာ လိုက်ရှာရတာ အတော်လေး ရွာလည်ပါတယ်..။  နောက်တစ်ခုက မိမိတို့စက်ရဲ့ ဂရပ်ဖစ်က တအားနည်းနေတဲ့အခါ ၊ တချို့ဂိမ်းတွေ ဆော့လို့မရတဲ့အခါ ဂရပ်ဖစ်ကတ်ကို ထပ်မြင့်လို့ရပါတယ်..။ အပိုထပ်တိုးလို့ ရပါတယ်..။ အဲဒါကတော့ ဆိုင်မှာ သွားလုပ်ရမှာပါ..။ ဂရပ်ဖစ်ကတ်တော့ပါပြီး ဂရပ်ဖစ်မန်မိုရီ အလုပ်မလုပ်တဲ့အခါ ပုံမှာပြထားတဲ့ B နေရာမှ ဂရပ်ဖစ် တန်ဖိုး မပေါ်ပဲနဲ့ n/a ဆိုတဲ့ စာသားလေးပဲ မြင်ရမှာပါ..။ အဲလိုမျိုးပေါ်နေရင်တော့ မိမိစက်ရဲ့ မော်ဒယ်နဲ့ အမျိုးအစား တူမယ့် ဂရပ်ဖစ်ဆော့ဝဲလ်ကို ရှာပြီးသာ ထည့်ပေတော့...။
ဂရပ်ဖစ်ကို ကြည့်နည်းလေးကတော့ ကီးဘုတ်မှ ရှော့ကပ်ကီး windows+R နဲ့ Run Box ကိုဖွင့်ပြီး.. dxdiag စာသားကိုရိုက်ထည့်ပါ..။ Enter သို့မဟုတ် OK နှိပ်ပါ.. ပုံမှာဆက်ကြည့်လိုက်ပါဗျာ..



 


ဂရပ်ဖစ်မန်မိုရီ 256 MB လောက်ဆိုရင်ပဲ အတော်လေး ကောင်းနေပါပြီ..။ ဂိမ်းတော်တော်များများကိုလည်း ဆော့လို့ရပါပြီ..။
လွင်မင်းဗိုလ် မှကူးယူမှတ်သားထာပါည်။

ကွန်ပျူတာတစ်လုံးရဲ့ ပါဝါတွေကို ဘယ်လိုကြည့်မလဲ

ကွန်ပျူတာတစ်လုံးရဲ့ ပါဝါတွေကို ဘယ်လိုကြည့်မလဲ



ဒီတခါတော့ ကွန်ပျူတာတစ်လုံးရဲ့ ပါဝါကို ဘယ်လိုကြည့်ရင် သိနိုင်မလဲဆိုတာကို ပြောပြပါမယ်..။ မိမိတို့စက်ဝယ်တဲ့အခါတွေမှာ ဒါလေးတွေ ကြည့်တတ်မှ
ဝယ်ရတာအဆင်ပြေပါတယ်..။ အသစ်ဝယ်ဝယ်၊ Second-hand ပဲဝယ်ဝယ် ဒါတွေကြည့်တတ်ဖို့လိုပါတယ်..။ ကွန်ပျူတာတစ်လုံးရဲ့ တန်ဖိုးကို ဒီနည်းလေးတွေနဲ့ ကြည့်ပြီး (အကြမ်းမျဉ်း) သတ်မှတ်နိုင်ပါတယ်..။ အပေါ်ကပုံကတော့ ကွန်ပျူတာရဲ့ Processor လို့ခေါ်တဲ့ ကွန်ပျူတာဦးနှောက်နဲ့ RAM မန်မိုရီကိုကြည့်တာပါ..။ RAM ဆိုတာက အခုလက်ရှိ ကွန်ပျူတာပေါ်မှာ လုပ်ဆောင်နေတဲ့ အလုပ်တွေအားလုံးဟာ RAM မန်မိုရီပေါ်မှာပဲ အလုပ်လုပ်နေတာ ဖြစ်ပါတယ်..။ သူ့ကို ယာယီမှတ်ညဏ်လို့ ခေါ်ရမှာပါ..။ ဘာလို့လဲဆိုတော့ စက်ဖွင့်ထားတဲ့အချိန်မှာပဲ အလုပ်လုပ်ပေးတာ ၊ မှတ်ထားပေးတာ ဖြစ်ပြီးတော့ .. စက်ပိတ်လိုက်ရင်တော့ အားလုံးကို ဖျက်ပစ်လိုက်ပါတယ်..။ RAM မန်မိုရီက ဘာမှမှတ်မထားပေးပါဘူး..။ မိမိရဲ့အလုပ်တွေကို မှတ်ထားချင်ရင်တော့ Hard Disk ထဲမှာ ပြောင်းသိမ်းရပါတယ်..။ ဒီအပေါ်ပုံလေးကိုကြည့်နည်းလေးကတော့ ကွန်ပျူတာမှာ ရိုက်ကလစ် ထောက်ပါ..။ properties ကိုသွားပါ..။ 2.13 GHz ဂျီဂါဟတ်ဇ်လို့ အသံထွက်ပါတယ်..။ Processor ကတော့ ကွန်ပျူတာ ဦနှောက်ကိုပြောတာပါ..။
Hard Disk ဆိုတာကတော့ ကွန်ပျူတာထဲမှာ သိမ်ထားနိုင်တဲ့ မန်မိုရီတွေကိုပြောတာပါ..။ (အောက်ပုံ)


System Information ကတော့ အားလုံးကိုချုံကြည့်နိုင်တဲ့ နေရာပါ..။ ပုံမှာပြထားတဲ့အတိုင်း တဆင့်ပြီးတဆင့် လုပ်ကြည့်လိုက်ရင် ပုံထဲက အတိုင်းထွက်လာမှာပါ...။