Showing posts with label windwo repair. Show all posts
Showing posts with label windwo repair. Show all posts

Sunday, February 3, 2013

Restore Point ဖန်တီးခြင်း-အသုံးပြုခြင်း

26 Jan 13, 02:14 PM
kolinlin: ကျေးဇူးပဲအကို Statrtup Repair ဘယ်လိုလုပ်ရမလဲအကို နကန်းတစ်လုံးမှမသိတာပါ
26 Jan 13, 05:52 PM
kolinlin: အကိုလွင်ရေ StartupRepair ကလုပ်မတတ်ဘူးအကိုရေ Window Boot Manger ဆိုပြီးပေါ်တယ်.Enter နှိပ်လည်းအဆင်မပြေဘုး.ကူညီပါဥိးနော်..စက်ဖွင့်ရင်Windowမတက်လို့ပါ။Post တင်ပေးပါနော်လေးစားစွာဖြင့်..
ဒီအစ်ကိုလို Windows Startup အဆင်မပြေတဲ့သူများနဲ့ မိမိတို့စက်မှာ ဆော့ဝဲလ်တွေ မထည့်ခင်၊ ဝင်းဒိုးထဲက Registry Error-Repair မလုပ်ခင် အချိန်တွေမှာ System Restore Point ဖန်တီးထား တတ်ဖို့နဲ့ ပြန်ပြီး Restore လုပ်တတ်အောင်ပါ.. ဒီပိုစ့်မှာ ရှင်းပြထားပါတယ်..။ System Restore အသုံးပြုတတ်အောင် အရင်တုန်းက ပိုစ့်တခုတင်ပေးခဲ့ဖူးပါတယ်..။ အခုဟာကတော့ System Restore Point ဖန်တီးတတ်ဖို့နဲ့ ဖန်တီးထားပြီးသားကို ပြန်ပြီး Restore လုပ်တတ်အောင်ပါ ပြပေးထားပါတယ်..။ ဆော့ဝဲလ်တွေထည့်တဲ့အခါနဲ့ Windows Update တက်သွားတဲ့အခါတွေမှာ အရင်ရှိပြီးသား Restore Point တွေ ပျက်ကုန်တတ်တဲ့အတွက် မိမိတို့အနေနဲ့ သတိထားပြီး Restore Point တွေကို မကြာမကြာဖန်တီးပေးထားပါ..။ ဒါမှသာ ဝင်းဒိုးမှာ ကြီးကြီးမားမား Error တွေကနေ ကာကွယ်ပြီးသား ဖြစ်မှာပါ..။ Starting Windows မတက်နိုင်အောင် အများဆုံးဖြစ်တတ်တဲ့ အခါတွေကတော့ ဝင်းဒိုးထဲက Registry Error တွေကို ဆော့ဝဲလ်တွေသုံးပြီးရှင်းတဲ့အခါတွေမှာ အဖြစ်များပါတယ်..။ CCleaner နဲ့ Advanced System Care လို System Tools တွေကို အသုံးပြုပြီးတဲ့အခါတိုင်း စက်ကို Restart မချပဲ တခြားဆော့ဝဲလ်တွေ ထပ်ပြီး Install ထည့်လိုက်ရင် ဒီလို Starting Windows မတက်နိုင်တော့တဲ့ Error တွေ ဖြစ်တတ်ပါတယ်..။ ဒီ System Tools တွေက တကယ်တော့ ဝင်းဒိုးတွေအတွက် အရမ်းကောင်းပါတယ်..။ ဒါပေမယ့် မသုံးတတ်ရင် အန္တရာယ်ဖြစ်တယ် ဆိုသလိုပဲ ဒီ System Tools တွေကို အသုံးမပြုခင် ဒီပိုစ့်ကအတိုင်း Restore Point တခုအရင်လုပ်ထားပါ..။ System Tools တွေကို  အသုံးပြုပြီးတဲ့အခါတိုင်း တခြားဆော့ဝဲလ်တွေ မထည့်သေးပဲ မိမိတို့ရဲ့ စက်ကို အရင် Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာမှ တခြားဆော့ဝဲလ်တွေကို ထည့်သုံးပါ..။ ဒီလိုဆိုရင် ဝင်းဒိုး မတက်နိုင်တော့တဲ့ ဘေးက ကင်းဝေးပါလိမ့်မယ်..။ 
နောက်တခုက Startup Repair လုပ်တတ်ဖို့ပါ..။ Startup Repair လုပ်တယ်ဆိုတာလည်း အမြဲတမ်းကြီး Repair လုပ်လို့ ရလိမ့်မယ်လို့ မမှတ်ထားသင့်ပါ..။ လုပ်လို့ ရတဲ့အခါတွေ ရှိသလို Repair လုပ်မရတဲ့အခါတွေလည်း ရှိပါတယ်..။ လုပ်လို့ရသည်ဖြစ်စေ၊ လုပ်လို့ မရသည်ဖြစ်စေ အားလုံးပဲ Startup Repair အသုံးပြုတတ်အောင် ဒီပိုစ့်မှာ ရှင်းပြပေးထားပါတယ်..။ ပုံတွေများလို့ ကြည့်ရတာ ရှုပ်တဲ့သူများအတွက် အလွယ်ကြည့်လို့ရမယ့် Video ဖိုင်လေးပါ ရှာပြီး ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ ချိတ်ပေးထားပါတယ်..။ ဒီ Video လေးနဲ့လည်း အဆင်ပြေပါတယ်..။ 
kolinlin: ပြောသလို Windows Boot Manager စာသားနဲ့ ပေါ်လာတယ်ဆိုရင်တော့ Startup Repair နဲ့ အဆင်မပြေနိုင်ပါ..။ ဒါပေမယ့် Startup Repair အရင်လုပ်ကြည့်သင့်ပါတယ်..။ မရတော့မှ Safe Mode နဲ့ဝင်ပြီး နောက်ဆုံး Install ထည့်ခဲ့တဲ့ ဆော့ဝဲလ်၃၊၄ခုကို Uninstall နဲ့ ပြန်ထုတ်ပစ်လိုက်ပါ..။ အဲ့ဒါမှ မရသေးရင် System Restore နဲ့ ၁၀ရက်၊တစ်လ (Restore Point ဖန်တီးထားပြီးသား မရှိရင် ပေါ်သလောက်၊ ရှိသလောက် Restore Point ကို ရွေးပြီး) နောက်ပြန်ဆုတ်ပေးလိုက်ပါ..။ Restore Point တွေမှာလည်း သုံးလို့ရတဲ့ Point တွေရှိသလို၊ သုံးလို့မရတဲ့ Point တွေရှိနေပြန်ပါတယ်..။ ဒါကြောင့် Restore Point နဲ့ မရခဲ့ရင် Windows Image Backup File (OR) Recovery (Hidden Partition) အပိုင်းနဲ့သာ ရပါလိမ့်မည်..။ အဲ့ဒါတွေ မရှိရင်တော့ ဝင်းဒိုးအသစ်ပြန်တင်ဖို့သာ ရှိပါတော့တယ်..။ Windows Image Backup File ဖန်တီးနည်းနဲ့ Restore ပြန်လုပ်နည်း ကို အရင်တုန်းက ပိုစ့်တင်ပေးထားပြီးသားပါ..။ မလုပ်တတ်သေးတဲ့သူများ ပြန်ကြည့်ပေးပါ..။ အခုဒီပိုစ့်မှာ ဝင်ဒိုး Startup Repair အသုံးပြုနည်းနဲ့ Restore Point ဖန်တီးနည်းကို အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ 

ဒီအောက်က ပုံလိုမျိုး Windows Boot Manager စာသားနဲ့ Error ပေါ်ခဲ့ရင်တော့  Startup Repair အပြင် System Restore Point ကို အသုံးပြုမှ အဆင်ပြေနိုင်ပါတယ်..။ ဒါကြောင့် ဒီ ၂မျိုးလုံး အသုံးပြုတတ်အောင် ဒီပိုစ့်မှာ ရှင်းပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်ပေးပါ..။
(Windows Boot Manager မှာလည်း Error နံပါတ်တွေ မတူတတ်ပါဘူး..။ Error နံပါတ်မတူသလို ဖြေရှင်းနည်းတွေလည်း မတူပါဘူး..။ ဒါကြောင့်ဒီလို A, B, နဲ့ပြပေးလိုက်တာပါ..။ C, ကတော့ F8 ကီးနဲ့ Repair နေရာကို ဝင်ခိုင်းတာပါ..။)


မိမိတို့ရဲ့စက်မှာ တခုခုအပြောင်းအလဲ လုပ်တော့မယ်ဆိုရင်.. ဒါမှမဟုတ် ဆော့ဝဲလ်တွေ Install မထည့်ခင်၊ Registry Repair မလုပ်ခင် Restore Point တခုကို အရင်ဖန်တီးထားသင့်ပါတယ်..။ အဲ့လိုမျိုး Restore Point ဖန်တီးနည်းကို ဒီအောက်က ပုံလေးတွေ အတိုင်း လုပ်ပေးလိုက်ပါ..။ 
ပုံမှာ ပြထားတဲ့အတိုင်း အရင်ဆုံး Start ကနေသွားပြီး Computer >> Right Click >> Properties ကို ကလစ်လိုက်ပါ..။


ပေါ်လာတဲ့ ဘောက်စ်မှာ အောက်ကပုံအတိုင်း System Protection ကနေသွားပြီး Create ကို ကလစ်ပါ..။

နောက်ထပ်ပေါ်လာတဲ့ ဘောက်စ်ထဲမှာတော့ အောက်ကပုံအတိုင်း မိမိတို့ မှတ်မိလွယ်တဲ့ နာမည်၊ ဂဏန်း တခုခု ရေးထည့်လိုက်ပါ..။ ဒီမှာတော့ ကျနော်က ဒီိနေ့ Date ကိုပဲ ရေးထည့်လိုက်ပါတယ်..။ ပြီးရင်တော့ Create ကိုနှိပ်ပါ..။

အပေါ်ပုံအတိုင်း Successfully စာသားပေါ်လာရင် Close ပေးလိုက်လို့ ရပါပြီ..။ ပြီးရင်တော့ အောက်ကပုံအတိုင်း Apply >> OK ပေးလိုက်ပါ..။ အပေါ်ပုံမှာ ပြထားတဲ့ မျှားကတော့ မိမိတို့ ဖန်တီးလိုက်တဲ့ Restore Point ကို တကယ်ရှိမရှိ အဲ့ဒီ System Restore ကနေ ပြန်ဝင်ကြည့်လို့ ရပါတယ်..။ တကယ်လို့ ဝင်းဒိုး ဖွင့်လို့ ရပြီး စက်က ကြောင်ကြောင်တောင်တောင် ဖြစ်နေတယ်ဆိုရင် ဒီ System Restore နေရာကနေ မိမိတို့ ဖန်တီးခဲ့တဲ့ Point သို့မဟုတ် တခြား Point တခုခုကို ရွေးပြီး စက်ကို နောက်ပြန်ဆုတ်ပေးလိုက်ရင် အရင်တုန်းက အတိုင်း ဝင်းဒိုး ပြန်ကောင်းသွားပါလိမ့်မယ်..။ 
    

အပေါ်ကပုံကတော့ Start >> Search နေရာမှာ Restore လို့ရိုက်ထည့်လိုက်ရင် အပေါ်ဆုံးမှာ ဝိုင်းပြထားတဲ့ System Restore ပေါ်လာပါလိမ့်မယ်..။ ကလစ်လိုက်ရင် အောက်ကပုံတွေအတိုင်း ဆက်ပြီး ပေါ်လာပါလိမ့်မယ်..။ ဒီအောက်ကပုံကတော့ Restore Point ဖန်တီးထားတဲ့ နေရာကနေ ဝင်ပြီး လုပ်ပြထားတာပါ..။ ဘယ်နေရာကနေဝင်ဝင် အတူတူပဲ.. ဒီအောက်ကပုံ Next နှိပ်ရမယ့် နေရာကို ရောက်လာပါတယ်..။ အရင်တုန်းက တင်ပေးခဲ့တဲ့ ပိုစ့်မှာတုန်းကတော့ F8 နဲ့ Repair Your Computer  နေရာကနေ ဝင်ပြီး System Restore အသုံးပြုနည်းကို လုပ်ပြပေးခဲ့တာပါ..။ ဝင်းဒိုး မတက်တော့တဲ့ စက်တွေမှာတော့ အဲ့ဒီနည်းနဲ့ လုပ်ယူရမှာပါ..။

နောက်တဆင့် ပေါ်လာရင် အမှန်ခြစ်ပေး မိမိတို့ နောက်ပြန်ဆုတ်လိုတဲ့ point တခုကို ကလစ်ပြီး Next ကိုနှိပ်သွားပါ..။ ဒီမှာတော့ ကျနော်ဖန်တီးထားတဲ့ Restore Point ကိုပဲ ကလစ်ပြီး ပြပေးထားပါတယ်..။


အပေါ်ပုံတိုင်း ဆက်ပေါ်လာရင်တော့ Finish ပေးပြီး Yes ထပ်ပေးလိုက်ရင် System Restore အလုပ်လုပ်ပါပြီ..။ မိနစ်အနည်းငယ် အလုပ်လုပ်ပြီးရင် စက် Restart ကျပြီး ပြန်တက်လာရင် System Restore အလုပ်လုပ်လို့ ပြီးသွားပါပြီ..။ တကယ်လို့ မအောင်မြင်ရင် နောက်တခါ Restore Point ထဲပြန်ဝင်ပြီး တခြား Point တခုကို ထပ်ရွေးပြီး ထပ်လုပ်ပေးပါ..။ Point တခုမဟုတ် တခုနဲ့ အဆင်ပြေသွားပါလိမ့်မယ်..။ 
ဒီအောက်ကပုံတွေကတော့ Startup Repair လုပ်ဖို့ အရင်ဆုံး ဝင်ရမယ့် နေရာကို ပြပေးထားတာပါ..။ တချို့စက်တွေမှာ F8 နဲ့ Advanced Boot Options ထဲဖြစ်တဲ့ Repair Your Computer နေရာကို ဝင်လို့ရပေမယ့် တချို့စက်တွေမှာတော့ ဝင်းဒိုး Error ကြောင့်၊ ဗိုင်းရပ်စ်ကြောင့် F8 ကီးနဲ့ အလုပ်မလုပ်နိုင်ပါဘူး..။ အဲ့လိုဆိုရင်တော့ စက်ကောင်းတုန်းက ဖန်တီးထားတဲ့ System Repair Disc နဲ့ (မရှိရင်) ဝင်းဒိုးတင်လို့ ရတဲ့ DVD သို့မဟုတ် USB လိုအပ်ပါတယ်..။ အဲ့ဒါတွေကို အသုံးပြုပြီး  မျှားပြထားတဲ့ နေရာ Repair Your Computer စာသားနေရာကို ရောက်အောင် ကီးဘုတ်က အပေါ်၊အောက်မျှားနဲ့ ရွှေ့ပါ..။ အဲဒီစာသားနေရာကို ရောက်ရင် Enter တချက်ခေါက်ပါ.. အောက်က ပုံတွေအတိုင်း ဆက်ပေါ်လာပါလိမ့်မယ်..။

F8 နဲ့ Safe Mode ထဲဝင်လို့ မရရင် Windows7 ခွေနဲ့ အောက်ကပုံလေးအတိုင်း ဝင်ပါ..။ System Repair Disc နဲ့ ဝင်မယ်ဆိုရင် Windows တင်နည်းအတိုင်း မိမိတို့စက်ရဲ့ Boot မီနူးထဲဝင်လို့ရတဲ့ F2, F12, Del, Esc စသဖြင့် မိမိတို့စက်ရဲ့ အမျိုးအစားအလိုက် ပေါ်လာတဲ့ ကီးတွေကို နှိပ်ပြီး ဝင်သွားလိုက်ရင် အောက်ကပုံအတိုင်း အဆင့်ဆင့် ပေါ်လာပါလိမ့်မယ်..။ ဝင်းဒိုးမတက်နိုင်တော့တဲ့ စက်တွေမှာ System Restore ကိုဒီအောက်က မျှားပြထားတဲ့ ပုံအတိုင်း ဝင်သွားလို့ ရပါတယ်..။


Startup Repair ကို ကလစ်ပြီး လုပ်ပေးလိုက်ရင်တော့ အောက်ကပုံလေးတွေအတိုင်း အဆင့်ဆင့် ပေါ်လာပါလိမ့်မယ်..။


Startup Repair ရတဲ့စက်တွေမှာတော့ အပေါ်ကပုံအတိုင်း ပေါ်လာပြီး Restart ချခိုင်းရင် Finish ပေးလိုက်ပါ..။ လုပ်လို့မရရင်တော့ အောက်ကပုံတွေအတိုင်း ပေါ်လာပါလိမ့်မယ်..။ အဲ့ဒါဆိုရင်တော့ System Restore ကို အသုံးပြုပေးလိုက်ပါ..။ 
Startup Repair is checking your system for problem... ဆိုပြီးပေါ်လာရင်တော့ System Restore အသုံးပြုမှာလာ မေးလာရင်တော့ မိမိတို့ ကြိုက်ရာရွေးပြီးသာ လုပ်ပေးလိုက်ပါ..။ ဒီနေ့ကျနော်ရေးတဲ့ပိုစ့်က ဒီမှာတင် ပြီးဆုံးသွားပါပြီ..။ 

Finish ပေးပြီး ထွက်လိုက်လို့ ရပါပြီ..။ လိုအပ်ရင် အောက်က Video လေးနဲ့လည်း အဆင်ပြေပါတယ်..။ အားလုံးပဲ လုပ်တတ်ကိုင်၍ အဆင်ပြေကြပါစေ..။
 
အစ်ကိုလွင်မင်းဗိုလ်ဆိုဒ်မှ ကူးယူမှတ်သားထာပါသည်။

Windows တွေအတွက် Microsoft ကပေးတဲ့ အကောင်းဆုံးဆေးတစ်ခွက် - SC Command

Kolin Lin     28 January 2013     06:44
F8 ကို နှိပ်ပြီး Last Known Good Configuration ထဲကနေဝင်မှ ဝင်းဒိုးတက်တယ်. ခက်နေတာက Start Normal Window ကနေဝင်ရင် ဝင်းဒိုးမတက်ဘူး. အကိုပြောသလို နောက်ဆုံး Install ထည့်ခဲ့တဲ့ ဆော့ဝဲလ်၃၊၄ခုကို Uninstall နဲ့ ပြန်ထုတ်ပစ်လိုက်တယ်။ အဲလိုပဲ..CCleaner နဲ့ Advanced System Care လို System Tools တွေကို အသုံးပြုပြီးတဲ့အခါတိုင်း စက်ကို Restart မချပဲ တခြားဆော့ဝဲလ်တွေ ထပ်ပြီး Install ထည့်လိုက်မိတယ်။ ကျနော်က System Tools တွေသုံးပြိးတဲ့ အခါတိုင်းတစ်ခါမှ Restart မချမိဘူး. ကျနော် သိလိုက်တော့ နောက်ကျသွားပြီ။ 
လိမ်ဖယ်၊လိမ်ဖယ်နဲ့ ဒီနေ့ ကျနော့် Blog လေး တစ်နှစ်ပြည့်သွားခဲ့ပါပြီ..။ ဒီ Blog လေးစစချင်း ရည်ရွယ်ချက်ပိုစ့်လေးမှာ ပါခဲ့တဲ့၊ ရေးခဲ့တဲ့ သူငယ်ချင်းတောင် အခုဆိုရင် ဒီ Blog လေးကနေ ပညာတွေ တတ်သွားလို့ သူ့သူငယ်ချင်းတွေ ကြားမှာ ဆရာတစ်ယောက် ဖြစ်နေပြီ..။ ဒီ Blog လေးကနေ ပညာတွေ တတ်သွားတဲ့ တခြား သူငယ်ချင်းတွေလည်း မနည်းတော့ပါ..။ မသိတာနဲ့ သိပ်နားမလည်တဲ့ အပိုင်းတွေကို ကျနော့်ဆီမှာ ဆက်သွယ်ပြီး မေးလာကြလို့ သူတို့က ပိုအတတ်မြန်တာ ထင်ပါတယ်..။ ကျနော့် Blog လေး တစ်နှစ်ပြည့်အနေနဲ့ Windows တွေအားလုံးအတွက် ဆေးတစ်ခွက်လို့ ပြောလို့ရတဲ့ SC Command လေးနဲ့ ဝင်းဒိုးတွေကို ပြန်လည်ပြုပြင်၊ သို့မဟုတ် ပုံမှန်ထက် ပိုမိုသွက်လက်စေမယ့် နည်းလမ်းလေးကို ကွန်ပျူတာနဲ့ ဝင်းဒိုးသုံးစွဲသူတိုင်း မဖြစ်မနေ ဆောင်ထားသင့်တဲ့ ၊ သိထားသင့်တဲ့ နည်းလမ်းလေး တခုအဖြစ် ပြန်လည် မျှဝေလိုက်ပါတယ်..။ ဒီအပေါ်က Comment လေးကတော့ Startup Repair အသုံးပြုနည်း ပိုစ့်မှ ကို Kolin Lin  ရေးထားခဲ့တဲ့ စာသားတွေထဲက အနည်းငယ်ကို ဒီပိုစ့်နဲ့ သက်ဆိုင်တဲ့အတွက် ပြန်လည် ဖေါ်ပြပေးလိုက်တာပါ..။ ဒီအစ်ကိုလိုပဲ ကျနော်အရင်တုန်းက ကြုံဖူးခဲ့ပါတယ်..။ ဒီနည်းကို မသိခင်တုန်းကတော့ ခဏခဏဝင်းဒိုး အသစ်တင်ခဲ့ရပါတယ်..။ ဒီလိုမျိုး Error ကြောင့် ဝင်းဒိုးမတက်နိုင်တော့တဲ့အခါ - F8 ကို နှိပ်ပြီး Last Known Good Configuration ထဲကနေဝင်မှ ဝင်းဒိုးတက်တယ်. ဆိုရင် ဒီနည်းနဲ့ Sc Command တွေကို ရိုက်ထည့်ပေးလိုက်ရင် ဝင်းဒိုးပြန်ကောင်းသွားပါလိမ့်မယ်..။ ကျနော့်လက်တွေ့ ကျနော့်ဆရာဆီမှာ ကျနော့်စက်က ဒီလိုဖြစ်သွားတယ်ဆိုတာ ဆရာ့ကို ပြောပြတော့ ကျနော့်ဆရာက ဒီနည်းနဲ့ လုပ်ပေးလိုက်တာ Starting Windows ပြန်ကောင်းသွားပြီး ပုံမှန်အတိုင်း ဝင်းဒိုးပြန်တက် လာပါတယ်..။ ဒါကလည်း ဒီ Comment လေးကို တွေ့မှ ဒီပိုစ့်ကို တင်ပေးဖို့ သတိရပြီး၊ စိတ်ကူးပေါ်လာတာ..။ နောက်ပိုင်းတော့ System Tools တွေကို အသုံးပြုပြီးတိုင်း စက်ကို Restart ချပြီးမှ ဆက်အသုံးပြုခဲ့လို့ ဒီလို Starting Windows မတက်နိုင်တော့တဲ့ error တွေကနေ ကင်းဝေးခဲ့ပါတယ်..။ အခုပြောမယ့် ဒီနည်းလေးက အခုလက်ရှိ ဝင်းဒိုးကောင်းနေတဲ့ အချိန်မှာလည်း Sc Command တွေကို CMD ထဲမှာ ရိုက်ထည့်ပေးဖို့ လိုအပ်ပါတယ်..။ အဲ့လိုလုပ်ထားတဲ့ ဝင်းဒိုးတွေမှာ Error တွေနည်းပြီး ၊ ဝင်းဒိုးကြောင်တာ၊ ဝင်းဒိုးပျက်တာတွေ အတော်လေးနည်းသွားတာကို ကျနော့်လက်တွေ့ သိခဲ့ရပြီးပါပြီ..။ တော်ယုံ ဗိုင်းရပ်စ်ကြောင့် မဟုတ်ရင်၊ Error ကြီးကြီးမားမား မဖြစ်ရင် ဝင်းဒိုးက သွက်လက်ပြီး သုံးလို့ ကောင်းနေပါလိမ့်မယ်..။ Starting ဝင်းဒိုးမတက်နိုင်တော့တဲ့ စက်တွေမှာလည်း F8 နဲ့ Windows Repair ကနေ Last Known Good Configuration သို့မဟုတ် Safe Mode and Command Prompt ထဲကို ဝင်လို့ ရခဲ့မယ်ဆိုရင် ဒီ Sc Command တွေကို ရိုက်ထည့်ပေးလိုက်ရင် ဝင်းဒိုး Error တော်တော်များများကို ပြန်ကောင်းစေပါတယ်..။ 
ဒီနည်းက Microsoft ကပေးထားတဲ့ ဝင်းဒိုးပြုပြင်နည်းတွေထဲက တခုပါပဲ..။ အခုဒီနည်းကို လက်ရှိဝင်းဒိုးကောင်းနေတဲ့ အချိန်မှာကတည်းက လုပ်ပေးထားကြပါ..။ ဝင်းဒိုးထဲမှာ ရှိနေတဲ့ Setting တွေနဲ့ System အပိုင်းတွေကို အားလုံး ပုံမှန်အတိုင်း အလုပ်လုပ်နိုင်အောင် CMD ထဲကနေ ကွန်ပျူတာကို ပြန်ပြီး လုပ်ခိုင်းတာ ဖြစ်တဲ့အတွက် ဆော့ဝဲလ်တွေ သုံးစရာ မလိုတဲ့ အတော်လေး ကောင်းတဲ့ ၊ အသုံးဝင်တဲ့ နည်းလေးပါ..။ ဒီ Sc Command တွေအားလုံး ရိုက်ထည့်ပြီးသွားရင် စက်ကို Restart ချပေးလိုက်ပါ..။ အောက်မှာ ဒီ Sc Command တွေကို ရေးပေးထားပါတယ်..။ ဒီစာသားတွေကို မိမိတို့ဝင်းဒိုးရဲ့ Notepad မှာ copy-paste နဲ့ ကူးထည့်ပြီး သေချာ သိမ်းထားလိုက်ပါဗျာ..။ ကွန်ပျူတာဝိစ္စာလို့ ပြောရမယ့် PRO တစ်ယောက်ဖြစ်ချင်ရင်တော့ ဒီ Sc Command တွေနဲ့ နောက်ပိုင်း တင်ပေးမယ့် CMD အသုံးပြုနည်းတွေမှာ ပါလာမယ့် စာသားတွေကို အာဂုံဆောင် အလွှတ်ရအောင် ကျက်မှတ်ထားဖို့ လိုအပ်ပါတယ်..။ ရိုးရိုးအပျော်တမ်းသမား တွေနဲ့ နည်းပညာ လေ့လာလိုက်စားတဲ့ ဝါသနာရှင်တွေကတော့ ဒီစာသားတွေကို Notepad ကနေ copy-paste နဲ့ CMD လို့ခေါ်တဲ့ ဝင်းဒိုး Command Prompt ထဲမှာ ကူးထည့်ပြီး Enter ခေါက်သွားလိုက်ရင် အဆင်ပြေပါပြီ..။ Command Prompt မှာလည်း Internal Command Prompt နဲ့ External Command Prompt ဆိုပြီး ခွဲထားတာမို့ ဒီးနည်းကို Internal Command Prompt မှာပဲ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ ဝင်ဒိုးဆေးရဲ့ အာနိသင်ကို ရှင်းပြရင်း စာလည်း ရှည်သွားပြီမို့ ဆက်လက်ပြီး အသုံးပြုနည်းကို  အားလုံးပဲ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ အမှားမဖြစ်နိုင်တဲ့အတွက် ကွန်ပျူတာကိုင်တာ သိပ်မကျွမ်းကျင်သေးတဲ့သူများပါ အောက်ကပုံလေးတွေ အတိုင်း တခုချင်းစီ လုပ်ပေးနိုင်ပါတယ်..။ ဝင်းဒိုးတိုင်းမှာ လုပ်ရမှာ ဖြစ်တဲ့အတွက် အားလုံးပဲ ဆက်ကြည့်ပေးပါ..။

Sc Command - ဒီအောက်က စာသားတွေကို Notepad မှာ copy-paste နဲ့ မှတ်ထားလိုက်ပါ..။ ပြီးရင်တော့ အောက်ဆုံးက ပုံတွေအတိုင်း လုပ်ပေးပါ..။

sc
sc start
sc pause
sc interrogate
sc stop
sc config
sc description
sc failure
sc failureflag
sc sidtype
sc privs
sc qc
sc qdescription
sc qfailure
sc qfailureflag
sc qsidtype
sc qprivs
sc qtriggerinfo
sc qpreferrednode
sc delete
sc create
sc control
sc sdshow
sc sdset
sc showid

sc query
sc query eventlog
sc queryex eventlog
sc query type= driver
sc query type= service
sc query state= all
sc query bufsize= 50
sc query ri= 14
sc queryex group= ""
sc query type= interact
sc query type= driver group= NDIS
exit

အရင်ဆုံး ဒီအောက်က ပုံမှာ ပြထားတဲ့ အတိုင်း ကီးဘုတ်မှ Windows Logo + R နဲ့ Run Box ကို ဖွင့်လိုက်ပါ..။ ပေါ်လာတဲ့ Run မှာ cmd လို့ စာရိုက်ပြီး OK သို့မဟုတ် Enter ခေါက်လိုက်ပါ..။


ပထမဆုံး စာသားအနေနဲ့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း sc လို့ရေးပြီး Enter ခေါက်ပေးလိုက်ပါ..။

ဒုတိယ ပုံမှာ ပေါ်တဲ့အတိုင်း ပေါ်လာရင် Y ကီးကို နှိပ်ပေးလိုက်ပါ..။

ပြီးရင်တော့ အောက်ကပုံတွေ အတိုင်း Notepad နဲ့ မှတ်ထားတဲ့ Sc Command စာသားတွေကို တခုချင်းစီ စလက်ပေး >> Right Click >> copy ယူပြီး >> CMD ထဲမှာ Right Click >> paste နဲ့ ထည့်ပြီး Enter ခေါက်သွားလိုက်ပါ..။



အပေါ်စာတပိုဒ် ပြီးသွားရင်တော့ Notepad ထဲမှာ ကျန်နေတဲ့ အောက်ကစာတပိုဒ်ကိုပါ ဆက်ပြီး ရိုက်ထည့်ပေးပါ..။ အားလုံးပြီးသွားရင်တော့ Exit နဲ့ Enter ခေါက်ပြီး ထွက်လိုက်ပါ..။


Sc Command စာသားတွေ အားလုံးရိုက်ထည့်ပြီးလို့ Exit နဲ့ ထွက်ပြီးသွားရင် အောက်ကပုံအတိုင်း စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာရင်တော့ အရင်ကထက် ပိုမိုကောင်းမွန်ပြီး အသုံးပြုရတာ သွက်လက်မြန်ဆန်နေပါလိမ့်မယ်..။ သေချာပိုပြီး သိချင်တဲ့သူများကတော့ ဒီနည်းမသုံးခင် မိမိဝင်းဒိုးရဲ့ အနေအထားနဲ့ ဒီနည်းသုံးပြီးမှ ဝင်းဒိုးရဲ့ အနေအထားကို ယှဉ်ပြီး လေ့လာကြည့်ပါ..။ ထူးခြားချက်တွေကို တွေ့ရမှာ အသေအချာပါပဲ..။ အားလုံးပဲ ဝင်းဒိုးအယ်ရာကင်းရဲ့ ပျော်ရွှင် နိုင်ကြပါစေဗျာ..။
 
အစ်ကိုလွင်မင်းဗိုလ် ဆိုဒ်မှ ကူးယူမှတ်သားထာပါသည်