Digital Camera များမှာ အများသုံးတဲ့ format ၂ မျိုးရှိပါတယ်... JPEG နဲ့ RAW ဖြစ်ပါတယ်...
JPEG အကြောင်းကိုအရင်ကြည့်ရအောင်... JPEG ရဲ့ အရှည်ကောက်က Joint
Photographic Expert Group ဖြစ်ပါတယ်.... JPEG format ကို တည်တွင်ခဲ့ကြတဲ့
အဖွဲ့နံမည်ပါ.. အချို့က JPG လို့လည်းပြောကြပါတယ်.. အတူတူပါပဲ... JPEG
format က တနည်းအားဖြင့်ပြောရင် ပုံရဲ့ quality ကို ချုံ့တဲ့ format
တစ်မျိုးပါပဲ... ပုံ quality ချုံ့လိုက်တာနဲ့အမျှ ပုံရဲ့ storage size လည်း
ကျုံ့သွားမှာဖြစ်ပါတယ်... JPEG format ကိုပြောင်းလိုက်တာနဲ့ (JPEG
ရဲ့အမြင့်ဆုံးquality ဆိုရင်တောင်) 10:1 လောက်တော့ quality
ကျသွားမှာဖြစ်ပါတယ်... color depth (အရောင်းအသွေးပါဝင်မှု) အားဖြင့်လည်း RAW
format နှင့် ယှဉ်လိုက်ရင် သိသိသာသာကြီးကို နည်းပါတယ်...
ပုံရဲ့ပြတ်သားမှုကိုကြည့်လျှင်လည်း
JPEG ပုံနဲ့ RAW ပုံ သိသိသာသာပဲ ကွာပြန်ပါတယ်... ဒါ့ကြောင့် Professional
Photographer တွေဟာ JPEG format ကို မသုံးကြပါဘူး... (ဘယ်ဘက်က လပုံသည် JPEG
format ဖြင့် ရိုက်ထားသော ပံ
ုဖြစ်ပြီး
ညာဘက်ကပုံသည် RAW format ဖြင့် ရိုက်ထားသော ပုံဖြစ်သည်။) သို့သော် JPEG
format သည် အများသုံး format ဖြစ်သဖြင့် Internet တွင်ဖြစ်စေ
ဓါတ်ပုံကူးယူရာတွင်ဖြစ်စေ အသုံးများသော format တစ်မျိုးသားဖြစ်သည်။
RAW အကြောင်းကတော့ ... ရှင်းရှင်းပါပဲ... သူက မိမိ Camera ရဲ့ အမြင့်ဆုံး Quality နဲ့ရိုက်ကူးခြင်းပဲဖြစ်ပါတယ်... .
ပုံရဲ့ Detail အားဖြင့်လည်းကောင်း sharpen အားဖြင့် လည်းကောင်း
ကောင်းမွန်ပါတယ်... ကျွန်တော် ကင်မရာကိုင်ခါကစ RAW
အကြောင်းတော်တော်နဲ့မသိပါဘူး အသိတစ်ယောက်ရဲ့ကျေးဇူးကြောင့် သိခဲ့ရပါတယ်...
တော်တော် အသုံးဝင်တဲ့ format ပါ... Photoshop နဲ့ Post processing
လုပ်ရာမှာလည်း RAW Dialog Box ထဲတွင် Exposure value ကအစ Highlight Detail
ထိ ပြန်ချိန်ယူလို့ရနိုင်ပါတယ်....
ကျွန်တော့်အနေနဲ့ ပြောရရင် RAW နဲ့သာ ရိုက်စေလိုပါတယ်... နောက် post
တွေမှာလည်း RAW format ကို edit လုပ်ပုံကို ပြောပါဦးမယ်...း) (P.S : JPEG
format ရဲ့ Extension က .jpeg, jpg ၊ RAW format ရဲ့ Extension က Nikon
မှာဆိုရင် .NEF , Canon မှာဆိုရင် .CRW အသီးသီးဖြစ်ပါတယ်... )
credit to koheinphotography
RAW အကြောင်းကတော့ ... ရှင်းရှင်းပါပဲ... သူက မိမိ Camera ရဲ့ အမြင့်ဆုံး Quality နဲ့ရိုက်ကူးခြင်းပဲဖြစ်ပါတယ်...
credit to koheinphotography
No comments:
Post a Comment