Sunday, January 13, 2013

facebook game invite များကို ကာကွယ်နည်း

ပိုးညိုလဲ game သမားတယောက်ပါ ။ဒါပေမဲ့ FB application game တွေကျဆော့ဖို့စိတ်လဲမဝင်စားသလို ဆော့ဖို့အချိန်လဲမရှိဘူးဗျ။ကိုယ်မဆော့တဲ့ဂိမ်းတွေ applicationတွေ အမြဲ invite notiတွေတက်တက်လာရင် တခါတလေတော့စိတ်အနှောင့်အယှက်ဖြစ် ရတယ်ဟုတ်။ ပို့သူက တော့ဘာစိတ်ညာစိတ်ရှိလို့ရယ်မဟုတ်ဆိုတာနားလည်ပေမဲ့ ကိုယ်လဲမဆော့ပဲ အဲ့invite တွေလိုက်ဖျက်ရတာအလုပ်တခုဗျ။ မပို့ပါနဲ့ပြောလဲမရဘူးလေ တချို့ဂိမ်းတွေက invite လုပ်မှအမှတ်တက်တာတို့ပါဝါရတာတို့ရှိတတ်တာကိုး အဲ့တော့ invite ပို့သူကိုလဲအပြစ်မပြောနေတော့ပါဘူး။ကိုယ့်ဖာသာ ကာကွယ်ကြတာပေါ့။

၁။ ပုံ(၁)အတိုင်းကိုယ့် page ညာဘက်ထောင့်မှာရှိတဲ့ setting keyလေးထဲဝင်ပါ။privacy ထဲဝင်ပါ။

၂။ပုံ(၂)အတိုင်း privacyထဲက Blocking ကိုဆက်သွားပါ။

၃။ ပုံ(၃)အတိုင်းBlock App Invite,Block Event,Block apps ဆိုတာတွေတွေ့ရပါလိမ့်မယ်။အပေါ်က app invite နဲ့ event နေရာမှာ သူကလဲပြောထားပါတယ်။ ကိုယ့်ကိုinvite မလုပ်စေချင်တဲ့သူငယ်ချင်းနာမည်ရေးထည့်ပါတဲ့။ ဒီနေရာမှာ Block Person မဟုတ်လို့စိတ်ချလက်ချထည့်လို့ရပါတယ်။သူငယ်ချင်းကိုBlockလုပ်တာမဟုတ်ပဲinvite ပို့လို့မရအောင်ပဲ Block လုပ်တာမို့ တခြားဘာမှမထိခိုက်ပါဘူး။

အဆင်ပြေအောင်ပုံလေးတွေနဲ့ပါတွဲတင်ပေးထားပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ပိုးညို

No comments:

Post a Comment