Wednesday, November 21, 2012

android rooted phone များအတွက် မြန်မာဖောင့်ထည့်နည်း

ဇော်ဂျီ (သို့) မိမိ အသုံးပြုလိုသောဖောင့်ကို
http://code.google.com/p/zawgyi/wiki/MyanmarFontDownload မှဒေါင်းလုပ်ချနိုင်ပါသည်။ လုပ်ကိုင်နည်းအဆင့်ဆင့်တွင် super user request မေးခဲ့သည်ရှိသော် allow ကိုသာနှိပ်ပါ။ ဖုန်းထဲတွင် မြန်မာစာ ရေးရန်အတွက် သင့်တော်သော မြန်မာကီးဘုတ်တစ်ခုခု install လုပ်ရန်လိုအပ်ပါမည်။
  ၁။ zawgyi font ကို ဒေါင်းလုပ်ချပြီး ဖုန်းထဲသို့ USB ကြိုးဖြင့်ကူးထည့်ပါ။ သို့မဟုတ် ဖုန်းနှင့် တိုက်ရိုက် ဒေါင်းလုပ်ချပါ။ zawgyi font ကို မည်သည့်နေရာ Folder တွင် သိမ်းသည်ကိုမှတ်ထားပါ။

၂။ font installer (root) ကိုဒေါင်းလုပ်ချပါ။ application ကို ဖွင့်ပြီး menu>preferences>select fonts ထဲတွင်
clockopia.ttf, droidsans.ttf, droidsans-bold.ttf နှင့် roboto-regular.ttf စသည့် font ၄မျိုးတွင် အမှန်ခြစ်ဖြစ်နေရန် သေချာစစ်ဆေးပါ။ ပြီးနောက် OK ကိုနှိပ်ပါ။ font changer application ၏ မူလစာမျက်နှာသို့ပြန်သွားပါက server ဆိုသော tab ဟိုက်လိုက်ဖြစ်နေပါမည်။ local ဆိုသော tab ကိုနှိပ်ပါ။ zawgyi font သိမ်းထားသော နေရာသို့သွား၍ zawgyi.ttf (သို့) zawgyione.ttf (သို့) zawgyione2008.ttf စသည့် သင်သိမ်းထားသည့် font ကိုနှိပ်ပြီး install ကိုရွေးပါ။ reboot လုပ်ရန်မေးပါက Yes ကိုနှိပ်ပါ။ ဖုန်းအော်တိုပိတ်ပြီးပြန်တက်လာပါက (reboot successful) ဖြစ်ပါက သင့်ဖုန်းတွင် zawgyi ရေးနိုင်ဖတ်နိုင်ပါပြီ။

၃။ သင် font installer ကို မသုံးလိုပါက busybox နှင့် font changer (root) တို့က်ု သုံးနိုင်ပါသည်။ busybox installer ကိုဒေါင်းလုပ်ချပြီး application ကိုဖွင့်ပါ။ install busybox ဆိုသောခလုပ်ကို ရှာ၍နှိပ်ပါ။ busybox installation လုပ်ဆောင်အောင်မြင်ပြီးပါက font changer (root) application ကိုဖွင့်ပါ။ Advanced ဆိုသော tab ကိုနှိပ်ပါ။
၎။ clockopia.ttf ဆိုသည့်ဖောင့်ကိုနှိပ်ပါ။ သင်သိမ်းထားသည့် zawgyi font ရှိသည့် Folder သို့သွားပြီး zawgyi.ttf (သို့) zawgyione.ttf (သို့) zawgyione2008.ttf စသည့် font ကိုနှိပ်ပြီး Apply ကိုရွေးပါ။ Reboot later ကိုနှိပ်ပါ။
  ၅။ droidsans.ttf, droidsans-bold.ttf နှင့် roboto-regular.ttf စသည့် font များကိုလည်း အဆင့်၎တွင်ပါသည့် လုပ်ဆောင်ချက်များအတိုင်း zawgyi font နှင့်အစားထိုးလဲလှယ်ပါ။ font ၄ မျိုးစလုံး ပြောင်းလဲပြီးချိန်တွင် Reboot လုပ်ရန်မေးလာပါက Reboot Now ကိုနှိပ်ပါ။ ဖုန်းအော်တိုပိတ်ပြီးပြန်တက်လာပါက (reboot successful) ဖြစ်ပါက သင့်ဖုန်းတွင် zawgyi ရေးနိုင်ဖတ်နိုင်ပါပြီ။

Font Installer https://play.google.com/store/apps/details?id=com.jrummy.font.installer&feature=search_result#?t=W251bGwsMSwxLDEsImNvbS5qcnVtbXkuZm9udC5pbnN0YWxsZXIiXQ..
Busy Box https://play.google.com/store/apps/details?id=stericson.busybox&feature=search_result#?t=W251bGwsMSwxLDEsInN0ZXJpY3Nvbi5idXN5Ym94Il0.
Font Changer https://play.google.com/store/apps/details?id=com.martino2k6.fontchangerlite&feature=search_result#?t=W251bGwsMSwxLDEsImNvbS5tYXJ0aW5vMms2LmZvbnRjaGFuZ2VybGl0ZSJd
ကူးချင်သလိုကူးပြီးရှဲချင်သလိုရှဲနိုင်ပါသည်။ Android Version ၄.၁.၂ (၂၀။၁၀.၂၀၁၂) အထိအသုံးဝင်နေသေးသော နည်းဖြစ်ပါသည်။ နောက်ပိုင်းထွက်မည့် ဗားရှင်းများအတွက် မသေချာသော်လည်း စမ်းသပ်နိုင်ပါသည်။

Copy from Myanmar Mobile user Group

No comments:

Post a Comment